
ပက်ဂွါဒီယိုလာ ကတော့ ခရစ္စတယ်ပဲလေ့စ်ကို နောက်ကလိုက်ကစားပြီး ၂ ဂိုးစီသရေကစားနိုင်ခဲ့တဲ့ မန်စီးတီး ကစားသမားများအတွက် ဂုဏ်ယူကြောင်း ပြောကြားလာပါတယ်။
မန်စီးတီးဟာ Selhurst Park တွင် နှစ်ကြိမ်တိုင်တိုင် နောက်ကလိုက်ကစားပြီး သရေကျခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ကြားရက်တုန်းက နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီး နိုင်ပွဲလမ်းကြောင်းပေါ်သို့ ပြန်တက်လာနိုင်ခဲ့ပေမဲ့ ခရစ္စတယ်ပဲလေ့စ်နှင့်သရေကျလာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ နောက်ဆုံးကစားတဲ့ ၉ ပွဲမှာ ၁ ပွဲတည်းသာ နိုင်ပွဲ ရယူထားနိုင်ပါတယ်။
ဂွါဒီယိုလာက “ကျွန်တော်တို့ အမှတ်ယူနိုင်ခဲ့တယ်။ ကစားသမားတွေရဲ့ တိုက်ပွဲဝင်မှု၊ ၂ ကြိမ်တိုင်တိုင် နောက်ကလိုက်ကစားနိုင်မှု၊ ခက်ခဲတဲ့အခြေအနေမှာ ကစားခဲ့ရမှုအတွက် ကစားသမားတွေအတွက် ဂုဏ်ယူတယ်”လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ပဲလေ့စ်နှင့် သရေကျမှုနှင့်အတူ ထိပ်ဆုံးမှ လီဗာပူးနှင့် ရမှတ် ၈ မှတ်အကွာသို့ လျှော့ချလာနိုင်ခဲ့ပါတယ်။ လီဗာပူးကတော့ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုနှင့်အတူ အဲဗာတန်နှင့်ပွဲ ရွှေ့ဆိုင်းထားရပါတယ်။
အသင်းတွင် ဒဏ်ရာရ ကစားသမားများပြားနေမှုနှင့်ပတ်သက်ပြီး ဂွါဒီယိုလာက “နာကျင်ရမဲ့ ရာသီပါ။ လေးပွဲဆက် ရှုံးနေချိန်မှာ ဆုဖလားပြိုင်ပွဲအကြောင်း မပြောနိုင်ပါဘူး။ အခု သရေထပ်ကျပြန်ပြီ။ လာမယ့်ပွဲကို အနိုင်ရဖို့ ကြိုးစားမယ်။ လူတွေ ပြန်ကောင်းလာအောင် လုပ်မယ်။ နောက်ဆုံးလမှာ လူတွေနဲ့ တွေ့မယ်”လို့ ပြောကြားသွားပါတယ်။