
တော့တင်ဟမ် စပါးနဲ့ ချယ်ဆီးအသင်းတို့ဟာ ဒီတပတ် စပါးရဲ့ လန်ဒန်ကွင်းမှာ ထိပ်တိုက်တွေ့နေပါတယ်။
ဒီလန်ဒန်ဒါဘီပွဲဟာ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနာဟောင်းကြီး ပေါမာဆန်က တော့တင်ဟမ် စပါးနဲ့ ချယ်ဆီးအသင်းတို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ချယ်ဆီးအတွက် တစ်ခုတည်းသော စိတ်ပူစရာက ဆောက်သမ်တန်နဲ့ ပွဲမှာ သူတို့ချည်း အသာစီး ကစားနေ ရတာတောင် အခွင့်အရေးကောင်း တချို့ ပြိုင်ဘက်ကို ပေးခဲ့သေးတာပါပဲ။
ခင်ဗျားသာ ချယ်ဆီး ပရိသတ် တစ်ယောက် ဆိုရင် တော့တင်ဟမ်နဲ့ အဝေးကွင်းပွဲ ဆိုတာ ချယ်ဆီးအသင်းရဲ့ ဒီရာသီ အကြီးကျယ်ဆုံး ပွဲပါပဲ။ ချယ်ဆီးက ပြီးခဲ့တဲ့ရာသီ ဒီလိုပွဲမှာ အထိနာပြီး ရှုံးခဲ့တယ်။ သူတို့ စပါးကိုသာ အနိုင်ယူပြလိုက်ရင် ကြေညာချက်ကြီး ထုတ်လိုက်သလို ဖြစ်မှာပါ။
ကျွန်တော်က တော့တင်ဟမ်ကို လိဂ်မှာ အကောင်ကြီးကြီးတွေလို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူတို့က ပြိုင်ဘက် တော်တော်များများကို အနိုင်ယူနိုင်တဲ့ အသင်း ဖြစ်တယ်။ ဒါကို ဒီရာသီမှာ မြင်ပြီးကြပြီ ထင်ပါတယ်။
ချယ်ဆီးက ဒီရာသီ အဆင့် ၄ အတွင်း ဝင်ပြီး ဖလား တစ်လုံးလောက် ရမယ် ဆိုရင် သူတို့အတွက် ဘောလုံး ရာသီကောင်းပါ။ အဲဒီထက် ပိုရရင်တော့ အတိုင်းထက် အလွန်ပေါ့။ ဒါပေမယ့် ဖြစ်နိုင်ခြေ နည်းပါတယ်။
ပိုစတီကိုဂလူ က တော့တင်ဟမ်ကို ဖျော်ဖြေမှု ရသ အပြည့် ပေးနိုင်ချင်တာပါ၊ အဲဒီလို ဖြစ်အောင် သူတို့ ကစားနေတယ်။
ချယ်ဆီးက နေရာတိုင်းမှာ လိုလို ပိုကောင်းတဲ့ ကစားသမားတွေ ရှိနေပြီး ဒါက စပါးအတွက် အခက်တွေ့စရာ ဖြစ်ပါလိမ့်မယ်။
ပေါမာဆန်ရဲ့ ခန့်မှန်း ရလဒ်
တော့တင်ဟမ် စပါး ၁-၃ ချယ်ဆီး။