
ဖီဖာ ကတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အုပ်စုမဲခွဲမှု ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံ မန်စီးတီးဟာ လာမယ့် နွေရာသီမှာ ကျင်းပမဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ဂျူဗင်တပ်နှင့် ထိပ်တိုက်တွေ့နေပြီး ချဲလ်ဆီးမှာလည်း ဘရာဇီးထိပ်သီးလပ် ဖလာမင်ဂိုနှင့် တွေ့ဆုံနေပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ၂၀၂၃ ခုနှစ်တုန်းက ဖလာမင်ဂိုအား အနိုင်ယူကာ ကလပ်သမိုင်းတွင် ပထမဆုံးကလပ်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ၎င်းတို့ဟာ အုပ်စု(ဆ)တွင် မော်ရိုကိုကလပ် Wydad ၊ ယူအေအီးကလပ် Al Ain တို့နှင့် တွေ့ဆုံနေပါတယ်။
၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးမှာလည်း အုပ်စု(ဃ)တွင် မက္ကဆီကိုကလပ် ကလပ်လီယွန်၊ တူနီးရှားကလပ် Esperance Sportive de Tunisie တို့နှင့် ထိပ်တိုက်တွေ့ဆုံနေပါတယ်။
လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်မှာလည်း Al Hilal ၊ ပါချူကာ၊ ဆဲလ်ဘတ်တို့နှင့် ထိပ်တိုက်တွေ့နေပါတယ်။
လီယွန်နယ်မက်ဆီရဲ့ အင်တာမိုင်ယာမီမှာလည်း ပါးမီးရပ်စ်၊ အယ်အလီ၊ ပေါ်တိုတို့နှင့် ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၃၂ သင်းဖြင့် စနစ်သစ်ဖြင့် အမေရိကန်မှာ ကျင်းပလာပါမယ်။ ဒီပြိုင်ပွဲကို လာမယ့်နှစ် ဇွန်လ ၁၅ ရက်နေ့နှင့် ဇူလိုင် ၁၃ ရက်နေ့အထိ ကျင်းပသွားပါမယ်။