စိန့်နိုင်ပွဲနဲ့ အဆင့် ၂ ရောက်လာခြင်း၊ ဂျင်းမဟုတ်တဲ့ဆန်ချိူ၊ အသိမှတ်ပြု ချီးကျူးသင့်နေပြီဖြစ်တဲ့ အန်ဇိုမာရက်စကာ

ဂျေဒန် ဆန်ချိူကို ချဲလ်ဆီးက ခေါ်ယူတဲ့အချိန်တုန်းက ချဲလ်ဆီးတော့ဂျင်းမိပြီလို့ ပြောခဲ့ကြသူတွေရှိပါတယ်။

ဟော..ဆန်ချိူ ချဲလ်ဆီးစရောက်တဲ့အချိန် ဂိုးလ်ဖန်တီးမူတွေ ဆက်တိုက်လုပ်နေပြန်တော့လည်း အစမို့ပါ ဆိုပြီး စောဒကတက်ဝေဖန်ခဲ့ကြပါတယ်။

ညက ဆောက်သမ်တမ်နဲ့ပွဲမှာတော့ ဆန်ချိူဟာ ဝေဖန်မူတွေကို ပါးစပ်ပိတ်စေခဲ့ပြီး ချဲလ်ဆီးအတွက် ဂိုးလ်သွင်းယူနိုင်ခဲ့ပါပြီ။ ဖန်တီးမူများစွာနဲ့အတူ အခုဆို ဆန်ချိူဟာ ဂိုးပါသွင်းခဲ့ပါပြီ။ ပွဲစဉ်၁၄ပွဲကျော်ခဲ့ပြီမို့ အစမို့ပါလို့လည်း မပြောသင့်တော့ပါဘူး။

ဂိုးသွင်းပြီးအောင်ပွဲခံချိန်မှာလည်း ချဲလ်ဆီး Logo ကြီးကို ပုတ်ပြီး ဒီဂိုးက မင်းတို့အတွက်ဆိုပြီး လုပ်ပြသွားတဲ့ ချစ်စရာကောင်းလွန်းလှပါတယ်။

ဆောက်သမ်တမ်နဲ့ပွဲမှာ ချဲလ်ဆီးဟာ 5ဂိုးလ်1ဂိုးလ်နဲ့အနိုင်ရရှိခဲ့ပြီး ဒီဆာဆီ၊အန်ကွန်ကူ၊ မက်ဒူကီ၊ကိုးလ်ပါးမား၊ ဆန်ချိူတို့ဟာ တစ်ယောက်တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့တိုက်စစ်ဟာ မြိုင်ဆိုင်နေခဲ့ပြီး လိဂ်မှာ ဂိုးပေါင်း ၃၁ ဂိုး ထိ သွင်းယူနိုင်ခဲ့ပါပြီ။

ကိုးလ်ပါးမားဟာလည်း ၂ပွဲဆက်ဂိုးလ်ရခဲ့သလို ချဲလ်ဆီးဟာလည်း အဆင့်၂နေရာကိုလည်း တစ်ကယ်ကြီးရောက်သွားခဲ့ပါပြီ။

ချဲလ်ဆီးဟာ ယမန်နှစ်က ပရီးမီးယားလိဂ် ၁၄ ပွဲကစားပြီးချိန်မှာ 5ပွဲနိုင် 5ပွဲရူံး 4ပွဲသရေနဲ့ ရမှတ်19မှတ်သာရရှိခဲ့ပါတယ်။

အခုနှစ် ပရီးမီးယားလိဂ် ၁၄ ပွဲအပြီးမှာတော့ 8ပွဲနိုင် 2ပွဲရူံး 4ပွဲသရေနဲ့ ရမှတ် 28မှတ်အထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

နည်းပြကြီး အန်ဇိုမာရက်စကာကိုလည်း အသိအမှတ်ပြု ချီးကျူးသင့်ပြီဖြစ်ပါတယ်။