ဂျူဗင်တပ်အသင်းမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ် ကူးစပ်ခံရသူ ပေါ်ပေါက်လာ

ဂျူဗင်တပ်အသင်းဟာ ကွင်းလယ်လူ မာတွီဒီက ကလပ်အသင်းရဲ့ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ ကစားသမားအဖြစ် ဖြစ်လာခဲ့ပြီလို့ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

မာတွီဒီရဲ့ ဆေးစစ်ချက် အဖြေထဲမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ခံစစ်သမား ရူဂါနီပြီးရင် ဒုတိယမြောက် ကိုရိုနာ ကူးစက်ခံရတဲ့ ဂျူဗင်တပ် ကစားသမား ဖြစ်လာခဲ့ပါတယ်။ စီးရီးအေမှာ ဂျူဗင်တပ်အသင်း ကစားသမားတွေအပြင် ဖီအိုရင်တီးနားနဲ့ ဆမ်ဒိုးရီးယားအသင်းတို့ရဲ့ ကစားသမားတွေဆီမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိထားပါတယ်။

အစောပိုင်းက ခံစစ်သမား ရူဂါနီဆီမှာ ကိုရိုနာဗိုင်းရပ်ပိုး တွေ့ခဲ့တာကြောင့် ဂျူဗင်တပ်ဟာ လေ့ကျင့်ရေးတွေ အားလုံးကို ပိတ်ချပြီး ကျန်အသင်းသားတွေ အားလုံးကို ဆေးစစ်မှုတွေ ပြုလုပ်အပြီး တပတ်အကြာမှာ မက်တွီဒီလည်း ရောဂါကူးစက်ခံထားရကြောင်း ထပ်မံသိရှိရတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ တရားဝင်ကြေညာချက်အရ ကွင်းလယ်လူ မက်တွီဒီဟာ ဆိုးဆိုးရွားရွား အခြေအနေမှာ မရှိဘဲ နေပြန်ကောင်းလာနိုင်မယ့် အလားအလာ ရှိနေပါတယ်။ အသက် ၃၂ နှစ်အရွယ် မက်တွီဒီဟာ ဂျူဗင်တပ်ရဲ့ အရေးပါတဲ့ ကစားသမားတဦး ဖြစ်ပြီးတော့ ဒီရာသီ ဂျူဗင်တပ်အသင်းရဲ့ ပွဲစဉ်အားလုံးမှာ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်း အဓိက တိုက်စစ်သမား ရော်နယ်ဒိုကတော့ ကိုရိုနာ အန္တရာယ်မရှိပဲ လက်ရှိမှာ သူပိုင်တဲ့ ကျွန်းအတွင်းမှာပဲ နေထိုင်ပြီး အခြေအနေ တည်ငြိမ်အောင် စောင့်ကြည့်နေပါတယ်။ နောက်ထပ် တိုက်စစ်သမားဖြစ်သူ ဒိုင်ဘာလာမှာလည်း ကိုရိုနာ ကူးစပ်ခံရတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဂျူဗင်တပ်ဘက်က အတည်ပြုပေးခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ZAWGYI

ဂ်ဴဗင္တပ္အသင္းဟာ ကြင္းလယ္လူ မာတီြဒီက ကလပ္အသင္းရဲ႕ ဒုတိယေျမာက္ ကုိရုိနာဗုိင္းရပ္ ကူးစက္ခံရတဲ့ ကစားသမားအျဖစ္ ျဖစ္လာခဲ့ၿပီလုိ႔ တရားဝင္ ေၾကညာလုိက္ျပီ ျဖစ္ပါတယ္။

မာတီြဒီရဲ႕ ေဆးစစ္ခ်က္ အေျဖထဲမွာ ဗုိင္းရပ္စ္ပုိးရွိေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ၿပီး ခံစစ္သမား ရူဂါနီၿပီးရင္ ဒုတိယေျမာက္ ကိုရိုနာ ကူးစက္ခံရတဲ့ ဂ်ဴဗင္တပ္ ကစားသမား ျဖစ္လာခဲ့ပါတယ္။ စီးရီးေအမွာ ဂ်ဴဗင္တပ္အသင္း ကစားသမားေတြအျပင္ ဖီအုိရင္တီးနားနဲ႔ ဆမ္ဒုိးရီးယားအသင္းတုိ႔ရဲ႕ ကစားသမားေတြဆီမွာလည္း ဗုိင္းရပ္စ္ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိထားပါတယ္။

အေစာပိုင္းက ခံစစ္သမား ႐ူဂါနီဆီမွာ ကို႐ိုနာဗိုင္းရပ္ပိုး ေတြ႕ခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္ဟာ ေလ့က်င့္ေရးေတြ အားလံုးကို ပိတ္ခ်ျပီး က်န္အသင္းသားေတြ အားလုံးကို ေဆးစစ္မႈေတြ ျပဳလုပ္အၿပီး တပတ္အၾကာမွာ မက္တြီဒီလည္း ေရာဂါကူးစက္ခံထားရေၾကာင္း ထပ္မံသိရွိရတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းရဲ႕ တရားဝင္ေၾကညာခ်က္အရ ကြင္းလယ္လူ မက္တြီဒီဟာ ဆိုးဆိုးရြား႐ြား အေျခအေနမွာ မရွိဘဲ ေနျပန္ေကာင္းလာႏိုင္မယ့္ အလားအလာ ရွိေနပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ မက္တြီဒီဟာ ဂ်ဴဗင္တပ္ရဲ႕ အေရးပါတဲ့ ကစားသမားတဦး ျဖစ္ၿပီးေတာ့ ဒီရာသီ ဂ်ဴဗင္တပ္အသင္းရဲ႕ ပြဲစဥ္အားလုံးမွာ ပါဝင္ကစားေပးထားသူလည္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္း အဓိက တိုက္စစ္သမား ေရာ္နယ္ဒိုကေတာ့ ကိုရိုနာ အႏၱရာယ္မရွိပဲ လက္ရွိမွာ သူပိုင္တဲ့ ကၽြန္းအတြင္းမွာပဲ ေနထိုင္ျပီး အေျခအေန တည္ျငိမ္ေအာင္ ေစာင့္ၾကည့္ေနပါတယ္။ ေနာက္ထပ္ တုိက္စစ္သမားျဖစ္သူ ဒိုင္ဘာလာမွာလည္း ကိုရိုနာ ကူးစပ္ခံရတယ္လုိ႔ သတင္းေတြ ထြက္ေနေပမယ့္ ဂ်ဴဗင္တပ္ဘက္က အတည္ျပဳေပးျခင္း မရွိေသးတာ ျဖစ္ပါတယ္။