
မန်ချက်စတာ စီးတီး အသင်းဟာ ဒီည ၁၂ နာရီ တိတိ၊ အီတီဟက်မှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် တော့တင်ဟမ် စပါး အသင်းကို ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်ကတော့ စီးတီးနဲ့ စပါးတို့ ပွဲစဉ် အတွက် ကြိုတင် ခန့်မှန်းချက် ထုတ်လာခဲ့ပါပြီ။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဂွာဒီယိုလာ သက်တမ်းတိုးလိုက်တာ အခြားသော ပရီးမီးယားလိဂ်ကလပ်တွေကို စိတ်အနှောက်အယှက် ဖြစ်စေမှာပါ။ လီဗာပူးတို့၊ အာဆင်နယ်တို့နဲ့ မန်ချက်စတာ မြို့တစ်ဝက်လောက်ကိုပေါ့။ သူ့လက်ထက် မန်စီးတီးရဲ့ လွှမ်းမိုးနိုင်စွမ်းကို အားလုံး သိကြပါတယ်။
လက်တလောမှာ စီးတီးတို့ ကစားပုံ ကောင်းမနေဘူး။ သူတို့ ပြိုင်ပွဲစုံမှာ ၄ ပွဲဆက် ရှုံးနိမ့်ထားတယ်။ ဇယားထိပ်နဲ့ ၅ မှတ်ထိ ပြတ်သွားတာကြောင့် လူတိုင်းက သူတို့ကို မေးခွန်းတွေ ထုတ်လာနေတယ်။
ပက်ရဲ့ စာချုပ်သစ်က မန်စီးတီးကို တွန်းအားဖြစ်စေမှာပါ။ သူတို့ တုန့်ပြန်ပြလာပါလိမ့်မယ်။ စပါးကလည်း ကပ်ဘေးဆိုက်နေတဲ့အသင်းဖြစ်ပေမယ့် တတိယနေရာနဲ့ ၃ မှတ်ပဲ ကွာဟနေပါသေးတယ်။ အီသီဟက်မှာတော့ သူတို့ ရလဒ်တစ်ခု ယူနိုင်မယ် မထင်ပါဘူး။
ဒီပွဲမှာ သွင်းဂိုးတွေမြင်ရပါမယ်။ အနိုင်ရသွားမှာက ဂွာဒီယိုလာရဲ့အသင်းပဲ ဖြစ်ပါလိမ့်မယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
မန်ချက်စတာ စီးတီး ၃-၁ တော့တင်ဟမ် စပါး