
ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းဟာ လက်စတာ အသင်းနဲ့ တွေ့နေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်က မနက်ဖြန် စနေနေ့ ည ၇ နာရီ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က လက်စတာ စီးတီး – ချယ်ဆီး အသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
လက်စတာကနေ ထွက်လာပြီး ပထမဆုံး အကြိမ်အဖြစ် မာရက်စ်ကာက သူ့အသင်းဟောင်းထံ ပြန်သွားရတော့မှာပါ။ ဒီရာသီ စတင်နိုင်မှုကို လက်စတာတို့ ကျေနပ်နေမှာဖြစ်ပေမယ့် စတိဗ်ကူပါးက လက်စတာကို ဆက်လက် မြင့်တင်ပေးနိုင်ရေး ခက်ခဲမယ် ထင်မိတယ်။
များစွာသော တန်းတက်ကလပ်တွေလိုပဲ လက်စတာက ဂိုးတွေ ပေးနေရတယ်။ ဒါကြောင့်ပဲ ဒီပွဲကို ချယ်ဆီးတို့ နိုင်သွားမယ်လို့ ကျနော် ထင်မိတာပါ။
နည်းပြ မာရက်စ်ကာ လက်ထက်မှာ ချယ်ဆီးက ပုံစံကောင်းရနေတာမို့ ဒီပွဲက ဒီအပတ်ရဲ့ ခန့်မှန်းရ အလွယ်ကူဆုံး ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။
ဒီပွဲအတွက် တစ်ခုတည်းသော မေးခွန်းထုတ်စရာက နိုင်ငံတကာသီတင်းပတ်အပြီး အသင်းတွေမှာ ဘယ်သူတွေ ဒဏ်ရာရနေမယ် မသိတာကြောင့် ခန့်မှန်းရခက်ခဲတာ တစ်ခုပါပဲ။
ကိုးပါလ်မာ နိုင်ငံတကာသီတင်းပတ်မှာ မပါထားပေမယ့် ဒီပွဲ သေချာပေါက် ပါလာမှာပါ။ သူ ပါလာနိုင်ရင် လက်စတာအတွက် ဆိုးတာပါပဲ။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
လက်စတာစီးတီး ၁-၃ ချယ်ဆီး ။