အားလုံးကြားချင်နေတဲ့ သတင်းကောင်းကို ဝမ်းမြောက်စွာ အသိပေးလာတဲ့ လမ်းပတ်

ချယ်ဆီးအသင်းရဲ့ အသက် ၁၉ နှစ် အရွယ် တိုက်စစ်သမား အိုဒွိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ရှိနေကြောင်း အရင်အပတ်ကပဲ အတည်ပြုနိုင်ခဲ့တာပါ။ ဒါပေမယ့် အိုဒွိုင်းက လျင်မြန်စွာပဲ ပြန်လည် ကောင်းမွန်သက်သာလာပြီး ပုံမှန်အတိုင်းနီးပါး ရှိနေပြီလို့ နည်းပြ လမ်းပတ်က ဝမ်းမြောက်စွာ အသိပေးလာခဲ့ပါတယ်။

ချယ်ဆီးအသင်း ထရိန်နင်ကွင်းကို အင်္ဂါနေ့ကပဲ ပြန်ဖွင့်လိုက်ပြီး ဖြစ်ပြီး အိုဒွိုင်းနဲက အတူ နီးစပ် ထိတွေ့မှု ရှိခဲ့သူတွေကိုတော့ သီးခြားခွဲ နေထိုင်နေစေဆဲ ဖြစ်ပါတယ်။ အိုဒွိုင်းရဲ့ အခြေအနေအကြောင်းကို ချယ်ဆီး နည်းပြ လမ်းပတ်က အသိပေး ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

” အိုဒွိုင်း အခြေအနေက ကောင်းမွန်စွာ တိုးတက်နေပြီး သူ့ ပုံမှန်အတိုင်း နီးပါး ပြန်ဖြစ်နေပြီလို့ ကျနော် ဝမ်းမြောက်စွာ ပြောပါရစေ။ ဒီသတင်းကို အားလုံးလည်း ကြားချင်နေကြမယ် ထင်ပါတယ်။

ဒီဗိုင်းရပ်စ်ကနေ လူတိုင်းတော့ ပြန်သက်သာလာ ကောင်းမွန်လာဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျနော် သတိပြုမိတယ်။ ဒီတော့ ဘောလုံး၊ အားကစားနဲ့ ပတ်သတ်တဲ့ အသိုင်းအဝိုင်း တစ်ခုလုံးက ကျန်းမာရေးကို အလေးထားပြီး တာဝန်ရှိရှိ ပြုမူ နေထိုင်ကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။ ” လို့ လမ်းပတ်က အသင်း ဝဘ်ဆိုဒ်ကနေ တဆင့် ပြောကြားခဲ့ပါတယ်။

အိုဒွိုင်းဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ကိုရိုနာ ကူးစက်ခံရတဲ့ ကစားသမား ဖြစ်ပြီး ချယ်ဆီးအသင်းမှ ကစားသမား တော်တော်များများလည်း သီးခြားနေထိုင် စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။

ဘောလုံးဟာ ကွင်းပြင်မှာ ကစားရတာ ဖြစ်ပြီး လူစုလူဝေးနဲ့ အားပေးကြတဲ့ အားကစားနည်း ဖြစ်တာကြောင့် အင်္ဂလန် အာဏာပိုင်တွေက ပြိုင်ပွဲတွေကို ရပ်နားထားပါတယ်။ အင်္ဂလန်မှာ ကိုရိုနာ အတည်ပြုကေ့စ်ပေါင့် ၁၉၀၀ ကျော်ပြီလို့ သိရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ အသက္ ၁၉ နွစ္ အရြယ္ တိုက္စစ္သမား အိုဒြိဳင္းဟာ ကိုရိုနာဗိုင္းရပ္စ္ ရွိေနေၾကာင္း အရင္အပတ္ကပဲ အတည္ျပဳနုိင္ခဲ့တာပါ။ ဒါေပမယ့္ အိုဒြိဳင္းက လ်င္ျမန္စြာပဲ ျပန္လည္ ေကာင္းမြန္သက္သာလာျပီး ပံုမွန္အတိုင္းနီးပါး ရွိေနျပီလို႔ နည္းျပ လမ္းပတ္က ၀မ္းေျမာက္စြာ အသိေပးလာခဲ့ပါတယ္။

ခ်ယ္ဆီးအသင္း ထရိန္နင္ကြင္းကို အဂၤါေန႔ကပဲ ျပန္ဖြင့္လိုက္ျပီး ျဖစ္ျပီး အိုဒြိဳင္းနဲက အတူ နီးစပ္ ထိေတြ႔မႈ ရွိခဲ့သူေတြကိုေတာ့ သီးျခားခြဲ ေနထိုင္ေနေစဆဲ ျဖစ္ပါတယ္။ အိုဒြိဳင္းရဲ႕ အေျခအေနအေၾကာင္းကို ခ်ယ္ဆီး နည္းျပ လမ္းပတ္က အသိေပး ေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

” အိုဒြိဳင္း အေျခအေနက ေကာင္းမြန္စြာ တိုးတက္ေနျပီး သူ႔ ပံုမွန္အတိုင္း နီးပါး ျပန္ျဖစ္ေနျပီလို႔ က်ေနာ္ ၀မ္းေျမာက္စြာ ေျပာပါရေစ။ ဒီသတင္းကို အားလံုးလည္း ၾကားခ်င္ေနၾကမယ္ ထင္ပါတယ္။

ဒီဗိုင္းရပ္စ္ကေန လူတိုင္းေတာ့ ျပန္သက္သာလာ ေကာင္းမြန္လာဖို႔ မျဖစ္နုိင္ဘူးဆိုိတာ က်ေနာ္ သတိျပဳမိတယ္။ ဒီေတာ့ ေဘာလံုး၊ အားကစားနဲ႕ ပတ္သတ္တဲ့ အသိုင္းအ၀ိုင္း တစ္ခုလံုးက က်န္းမာေရးကို အေလးထားျပီး တာ၀န္ရွိရွိ ျပဳမူ ေနထိုင္ၾကဖို႔ က်ေနာ္ တိုက္တြန္းလိုပါတယ္။ ” လို႔ လမ္းပတ္က အသင္း ၀ဘ္ဆိုဒ္ကေန တဆင့္ ေျပာၾကားခဲ့ပါတယ္။

အိုဒြိဳင္းဟာ ပရီးမီးယားလိဂ္မွာ ပထမဆံုး ကိုရိုနာ ကူးစက္ခံရတဲ့ ကစားသမား ျဖစ္ျပီး ခ်ယ္ဆီးအသင္းမွ ကစားသမား ေတာ္ေတာ္မ်ားမ်ားလည္း သီးျခားေနထိုင္ ေစာင့္ၾကည့္ေနရဆဲ ျဖစ္ပါတယ္။

ေဘာလံုးဟာ ကြင္းျပင္မွာ ကစားရတာ ျဖစ္ျပီး လူစုလူေ၀းနဲ႕ အားေပးၾကတဲ့ အားကစားနည္း ျဖစ္တာေၾကာင့္ အဂၤလန္ အာဏာပိုင္ေတြက ျပိဳင္ပြဲေတြကို ရပ္နားထားပါတယ္။ အဂၤလန္မွာ ကိုရိုနာ အတည္ျပဳေက့စ္ေပါင့္ ၁၉၀၀ ေက်ာ္ျပီလို႔ သိရပါတယ္။