
မန်စီးတီးအသင်းဟာ ၎င်းတို့အသင်းရဲ့ဂိုးသမား အီဒါဆင်နေရာမှာ အစားထိုးဖို့အတွက် အေစီမီလန်ဂိုးသမား မိုင်ဂန်ကို စတင် ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
နည်းပြ ပက် ဂွာဒီယိုလာ ကိုယ်တိုင်က မိုင်ဂန်ကို အတော်လေး သဘောကျနေတာဖြစ်ပြီး သူရဲ့ sweeper keeper ကစားနိုင်မှုတွေဟာ အသင်းအတွက်အတော်လေး အကျိုးသက်ရောက်မှုရှိစေနိုင်မယ်လို့ ယူဆနေတာပါ။
အထူးသဖြင့် သူ့ရဲ့ ဖြတ်တင်ဘော တိကျမှုတွေနဲ့၊ တစ်လုံးဆို တစ်လုံး ဂိုးပေါက်ကာကွယ်မှုတွေက ဂွာဒီယိုလာ ရဲ့အကြိုက်ဖြစ်လို့နေပြီး၊ ဘုတ်အဖွဲ့ဝင်တွေကို လာမယ့်ရာသီမှာ မိုင်ဂန်ကိုခေါ်ယူဖို့ အထူးညွှန်ကြားထားတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းအနေနဲ့ကတော့ မိုင်ဂန်ကို လက်မလွတ်ချင်ပေမယ့်၊ ကစားသမားဖြစ်သူကိုယ်တိုင်က မန်စီးတီးကို ပြောင်းရွေ့ချင်တဲ့ဆန္ဒရှိတာကြောင့် ယူရိုသန်း ၅ဝ လောက် ရရင်ကို ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။
မန်စီးတီး အသင်း လက်ရှိ ဂိုးသမား အီဒါဆင်ကတော့ နွေတုန်းက အသင်းပြောင်းရွှေ့မှု သတင်းတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်ခဲ့သေးပြီး အဆုံးမှာတော့ မန်ချက်စတာမှာပဲ ဆက်နေခဲ့တာပါ။