ဟာလန်းကို မချိန်ပါဘူး ဆိုတဲ့ ဘာစီ၊ ရူဘင်ဒီယက်စ်ရဲ့ ဆုတောင်း၊ ဒီရာသီ ပြန်လာဖွယ် ရှိတဲ့ ရိုဒရီနဲ့ မန်စီးတီး ထူးခြား သတင်းများ

မန်စီးတီးအသင်းဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ တရားရေးရာကိစ္စတွေမှာ ရှုံးနိမ့်ခဲ့ပါက အသင်းလေးသင်းနဲ့ လျော်ကြေးကိစ္စ တရားဆက် ရင်ဆိုင်ရဖို့ ရှိနေကြောင်း သိရှိရပါတယ်။

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုကတော့ မန်စီးတီး အသင်းမှ ဟာလန်းနဲ့ စပို့တင်းမှ ဂိုကာရက်စ်တို့က မိမိတို့ရဲ့ အဓိက ပစ်မှတ်တွေမဟုတ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

မန်စီးတီး အသင်း ကွင်းလယ် ကစားသမား ရိုဒရီ တစ်ယောက် ယခုရာသီ မကုန်ခင် အသင်းအတွက် ပြန်လည် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းနောက်ခံလူ ဒီအာ့စ်ကတော့ ဝေဖန်သူတွေ တိတ်ဆိတ်သွားအောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူ နည်းပြသစ် ဖြစ်လာတဲ့ အမ်မိုရင်း အတွက် မန်စီးတီး နောက်ခံလူ ရူဘင်ဒီယက်စ်က “ အမ်မိုရင်း အတွက် အဆင်ပြေဖို့ ကျနော် ဆုတောင်းပေးပါတယ်။ ဒါပေမယ့် အရမ်းကောင်းဖို့တော့ ဆုမတောင်းပေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ် ဟော့စပါးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်သွားဖို့အတွက် မန်ချက်စတာ စီးတီး ဘယ်တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို လာမယ့် အပြောင်းအရွှေ့ဈေးကွက်တွေထဲမှာ ကမ်းလှမ်းမှု ပြုလုပ်သွားချင်နေတယ်လို့ Football Insider ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။