ရာသီကုန်ရင် ချယ်ဆီးက အဆင့် ၄ ရဖို့ ရာနှုန်း အများဆုံး ဖော်ပြနေတဲ့ စူပါကွန်ပျူတာရဲ့ အကြိမ်ရေ တစ်သောင်း တွက်ချက်မှု

ပွဲစဉ် ၁၁ မှာ မန်စီးတီးအသင်းက ဘရိုက်တန်ကို အရေးနိမ့်ပြီး လီဗာပူးကတော့ ဗီလာကို အမှားအယွင်းမရှိ အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်မှာ ၅ မှတ်ဖြတ်ကာ ဦးဆောင်ထားပါပြီ။

ချယ်ဆီးကတော့ အာဆင်နယ်နဲ့ သရေကျပြီးနောက် အဆင့် ၃ နေရာမှာ ရှိနေပြီး ဂန်းနားတို့ကတော့ အဆင့် ၄ နေရာမှာ ရှိပါတယ်။

Opta ရဲ့ စူပါကွန်ပျူတာ ကတော့ ပွဲစဉ် ၁၁ အပြီး အကြိမ်ရေ ၁ဝဝဝဝ တွက်ချက်ခဲ့ရာမှာ ချန်ပီယံ ဖြစ်ဖို့ လီဗာပူးအသင်းက 60.3% ထိ ရှိတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေကတော့ 34.3% အထိ ကျဆင်းသွားပါတယ်။

ချယ်ဆီးအသင်းကတော့ အဆင့် ၄ နေရာနဲ့ Top 4 ဝင်ဖို့ အခွင့်အရေး အများဆုံး အဖြစ် 33.4 % ရှိပါတယ်။ အဆင့် ၃ ရဖို့ကတော့ 14% ရှိပါတယ်။

စူပါကွန်ပျူတာရဲ့ နောက်ဆုံးထွက် ပရီးမီးယားလိဂ် ခန့်မှန်းဇယားကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ချန်ပီယံ ဖြစ်နိုင်ခြေက ရာသီမစခင် 7.2% ရှိခဲ့ပြီး အဆင့် ၃ ရနိုင်ခြေ 52.3%၊ အဆင့် ၄ ရဖို့ 15.5% ရှိပါတယ်။