နွေအပြောင်းအရွှေ့၊ အထိနာနေတဲ့ မိုဗစ်၊ တရားဝင် ရွှေ့ဆိုင်းခြင်းတွေနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ကိုရိုနာကြောင့် ပိုင်ဆိုင်မှုပိုင်းမှာ ကြီးကြီးမားမား ဆုံးရံှူးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အေဘရာမိုဗစ်တင် မကပဲ ရုရှားသူဌေးတွေက ဆုံးရံှူးမှုတွေ အများအပြားကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

၂၀၂၀ ယူရို ပြိုင်ပွဲကို ၁၂ လ နောက်ဆုတ်ပြီး ယှဉ်ပြိုင်စေမှာဖြစ်လို့ အမှတ်ပေးပြိုင်ပွဲတွေဟာ နွေအထိ အဆုံးသတ်ချိန် ရရှိသွားတော့မှာဖြစ်ပါတယ်။

ချယ်ဆီးဟာ ကလပ်အသင်း တိုက်စစ်သမားတွေဖြစ်တဲ့ ဘတ်ရှုဝါရီနဲ့ ပက်ဒရိုတို့ကို နွေမှာ ရှင်းထုတ်မှုနဲ့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပြုမှုတွေကို လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

မန်နေဂျာလမ်းပတ်ဟာ တိုက်စစ်ပိုင်း အားဖြည့်မှုအတွက် ဆန်ချိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားပေမယ့်လည်း ကစားသမားထံကတော့ မည်သည့် အကြောင်းပြန်ကြားခြင်းမျိုးမှ မရှိသေးဘူးလို့ သိရပါတယ်။

ချယ်ဆီးအသင်းသား မေဆန်မောင့်ဟာ အိမ်မှာတင် သီးခြားနေထိုင်ကာ အခြေအနေစောင့်ကြည့်နေဖို့ အသင်းက အသိပေးထားတဲ့ကြားက အပြင်ထွက် ဘောလုံးကန်ခဲ့တာအတွက် ဆရာရင်း ဖြစ်သူ ချယ်ဆီးနည်းပြ လမ်းပတ်ထံ ဖုန်းဆက်ပြီး သူလုပ်ခဲ့တဲ့ ဖြစ်ရပ် အပေါ် တောင်းပန်ခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။

အင်္ဂလန် The Athletic သတင်းဌာနရဲ့ ဖော်ထုတ်ချက်အရ ချယ်ဆီးအသင်းဟာ လာမယ့်နွေ နံပါတ် တစ် တိုက်စစ် ပစ်မှတ် ကစားသမား အဖြစ် လိုင်ယွန် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပေါ်တူဂီ သတင်းဌာန ဖြစ်တဲ့ A Bola ကတော့ ချယ်လ်ဆီးဟာ လာမယ့် နွေရာသီမှာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ခေါ်ဆောင်ဖို့ အပြောင်းအရွှေ့ ဆွေးနွေးမှု တွေ စတင်နေပြီလို့ ဖော်ပြလာပါတယ်။

ယူအီးအက်ဖ်အေက အတည်ပြုပေမယ့်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မူလသက်မှတ်ထားတဲ့ ရက်ထက် တစ်လနောက်ဆုတ်ပြီး ဇွန်လ ၂၇ ရက်မှာ ကျင်းပဖို့ ယာယီ ရွှေးချယ်လိုက်ပါပြီ။

ZAWGYI

ခ်ယ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ဟာ ကိုရိုနာေၾကာင့္ ပိုင္ဆုိင္မႈပိုင္းမွာ ၾကီးၾကီးမားမား ဆံုးရံွဴးမႈေတြ ရွိေနတယ္လုိ႔ သိရပါတယ္။ ေအဘရာမိုဗစ္တင္ မကပဲ ရုရွားသူေဌးေတြက ဆံုးရံွဴးမႈေတြ အမ်ားအျပားကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

၂၀၂၀ ယူရို ျပိဳင္ပြဲကို ၁၂ လ ေနာက္ဆုတ္ျပီး ယွဥ္ျပိဳင္ေစမွာျဖစ္လို႔ အမွတ္ေပးျပိဳင္ပြဲေတြဟာ ေႏြအထိ အဆံုးသတ္ခ်ိန္ ရရွိသြားေတာ့မွာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ကလပ္အသင္း တိုက္စစ္သမားေတြျဖစ္တဲ့ ဘတ္ရႈဝါရီနဲ႔ ပက္ဒရိုတို႔ကို ေႏြမွာ ရွင္းထုတ္မႈနဲ႔ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာခြင့္ ျပဳမႈေတြကို လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။

မန္ေနဂ်ာလမ္းပတ္ဟာ တိုက္စစ္ပိုင္း အားျဖည့္မႈအတြက္ ဆန္ခ်ိဳကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားေပမယ့္လည္း ကစားသမားထံကေတာ့ မည္သည့္ အေၾကာင္းျပန္ၾကားျခင္းမ်ိဳးမွ မရွိေသးဘူးလို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းသား ေမဆန္ေမာင့္ဟာ အိမ္မွာတင္ သီးျခားေနထိုင္ကာ အေျခအေနေစာင့္ၾကည့္ေနဖို႔ အသင္းက အသိေပးထားတဲ့ၾကားက အျပင္ထြက္ ေဘာလံုးကန္ခဲ့တာအတြက္ ဆရာရင္း ျဖစ္သူ ခ်ယ္ဆီးနည္းျပ လမ္းပတ္ထံ ဖုန္းဆက္ျပီး သူလုပ္ခဲ့တဲ့ ျဖစ္ရပ္ အေပၚ ေတာင္းပန္ခဲ့ေၾကာင္း ေဒးလီးေမးလ္က ေဖာ္ထုတ္ထားပါတယ္။

အဂၤလန္ The Athletic သတင္းဌာနရဲ႕ ေဖာ္ထုတ္ခ်က္အရ ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြ နံပါတ္ တစ္ တိုက္စစ္ ပစ္မွတ္ ကစားသမား အျဖစ္ လိုင္ယြန္ တိုက္စစ္မွဴး မိုဆာ ဒမ္ဘီလီကို သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ေပၚတူဂီ သတင္းဌာန ျဖစ္တဲ့ A Bola ကေတာ့ ခ်ယ္လ္ဆီးဟာ လာမယ့္ ေႏြရာသီမွာ ေပၚတူဂီကလပ္ ေပၚတိုအသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို ေခၚေဆာင္ဖို႔ အေျပာင္းအေ႐ႊ႕ ေဆြးေႏြးမႈ ေတြ စတင္ေနၿပီလို႔ ေဖာ္ျပလာပါတယ္။

ယူအီးအက္ဖ္ေအက အတည္ျပဳေပမယ့္လည္း ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို မူလသက္မွတ္ထားတဲ့ ရက္ထက္ တစ္လေနာက္ဆုတ္ျပီး ဇြန္လ ၂၇ ရက္မွာ က်င္းပဖို႔ ယာယီ ေရႊးခ်ယ္လုိက္ပါျပီ။