နွေမှာ တိုက်စစ်သမား လေးဦးကို ရှင်းထုတ်ပြီး အစားထိုးမှုလုပ်ဖို့ သေချာလာတဲ့ ချယ်ဆီး

ချယ်ဆီးဟာ ကလပ်အသင်း တိုက်စစ်သမားတွေဖြစ်တဲ့ ဘတ်ရှုဝါရီနဲ့ ပက်ဒရိုတို့ကို နွေမှာ ရှင်းထုတ်မှုနဲ့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပြုမှုတွေကို လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

မန်နေဂျာလမ်ပတ်က တိုက်စစ်မှူး အေဘရာဟမ်နဲ့ ဂျီရူးတို့နောက်မှာပဲ ပွဲထွက်နေရတဲ့ ဘတ်ရှုဝါရီကို နွေမှာ သေချာပေါက် ရောင်းထုတ်သွားတော့မှာဖြစ်တယ်။ ဘယ်ဂျီယံသား တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် ပဲလေစ့်ဘက်က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ပဲလေစ့်ဟာ ဘတ်ရှုဝါရီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးဘက်က ပေါင် ၄၅ သန်း တောင်းဆိုခြင်းကြောင့် နောက်ဆုတ်ခဲ့တာပါ။ နွေမှာတော့ ဘတ်ရှုဝါရီဟာ ချယ်ဆီးနဲ့ စာချုပ် ၁၂ လ သက်တမ်းကို ရောက်လာတော့မှာဖြစ်ပြီး သူ့ကို ရောင်းထုတ်ဖို့ လက်ခံသွားရတော့မှာဖြစ်တယ်။ ပြောင်းရွှေ့ကြေးကတော့ ပေါင် သန်း ၂၀ ထိကို ကျဆင်းသွားမယ်လို့ သိရပါတယ်။

ဝါရင့် တိုက်စစ်သမား ပက်ဒရိုကိုတော့ သက်တမ်းတိုးမှာ မဟုတ်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးမှာဖြစ်တယ်။ အသက် ၃၂ နှစ်အရွယ် စပိန်သား တိုက်စစ်သမားက မြင့်မားတဲ့ အဆင့်တွေမှာ ကစားနိုင်သေးပေပမယ့် မေဂျာလိဂ်ကို ပြောင်းရွှေ့သွားပြီး အဲ့မှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ ကြိုတင် စီစဉ်လာတယ်လို့ သိရပါတယ်။

ဘတ်ရှုဝါရီနဲ့ ပက်ဒရို နှစ်ဦးဟာ ကလပ်အသင်း သေချာပေါက် ရှင်းထုတ်သွားမယ့် ကစားသမားတွေဖြစ်ပြီး ဂျီရူးနဲ့ ဝီလီယမ်တို့အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မရသေးပါဘူး။ လူငယ်တိုက်စစ်သမား အေဘရာဟမ်နဲ့လည်း စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးကာ ကလပ်ဘက်ကတော့ ပြန်လည် အစားထိုး ခေါ်ယူမှုတွေအဖြစ် ဘိုင်လီ၊ ဆန်ချို၊ ဒမ်ဘီလီတို့ကို ချိန်ရွယ်ထားတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ကလပ္အသင္း တိုက္စစ္သမားေတြျဖစ္တဲ့ ဘတ္ရႈဝါရီနဲ႔ ပက္ဒရိုတို႔ကို ေႏြမွာ ရွင္းထုတ္မႈနဲ႔ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာခြင့္ ျပဳမႈေတြကို လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။

မန္ေနဂ်ာလမ္ပတ္က တိုက္စစ္မွဴး ေအဘရာဟမ္နဲ႔ ဂ်ီရူးတို႔ေနာက္မွာပဲ ပြဲထြက္ေနရတဲ့ ဘတ္ရႈဝါရီကို ေႏြမွာ ေသခ်ာေပါက္ ေရာင္းထုတ္သြားေတာ့မွာျဖစ္တယ္။ ဘယ္ဂ်ီယံသား တိုက္စစ္မွဴးကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္ ပဲေလစ့္ဘက္က စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔တုန္းက ပဲေလစ့္ဟာ ဘတ္ရႈဝါရီကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္ဆီးဘက္က ေပါင္ ၄၅ သန္း ေတာင္းဆိုျခင္းေၾကာင့္ ေနာက္ဆုတ္ခဲ့တာပါ။ ေႏြမွာေတာ့ ဘတ္ရႈဝါရီဟာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္ ၁၂ လ သက္တမ္းကို ေရာက္လာေတာ့မွာျဖစ္ျပီး သူ႔ကို ေရာင္းထုတ္ဖို႔ လက္ခံသြားရေတာ့မွာျဖစ္တယ္။ ေျပာင္းေရႊ႔ေၾကးကေတာ့ ေပါင္ သန္း ၂၀ ထိကို က်ဆင္းသြားမယ္လို႔ သိရပါတယ္။

ဝါရင့္ တိုက္စစ္သမား ပက္ဒရိုကိုေတာ့ သက္တမ္းတိုးမွာ မဟုတ္ပဲ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ ေပးမွာျဖစ္တယ္။ အသက္ ၃၂ ႏွစ္အရြယ္ စပိန္သား တိုက္စစ္သမားက ျမင့္မားတဲ့ အဆင့္ေတြမွာ ကစားႏုိင္ေသးေပပမယ့္ ေမဂ်ာလိဂ္ကို ေျပာင္းေရႊ႔သြားျပီး အဲ့မွာပဲ ကစားသမားဘဝ အဆံုးသတ္ဖို႔ ၾကိဳတင္ စီစဥ္လာတယ္လို႔ သိရပါတယ္။

ဘတ္ရႈဝါရီနဲ႔ ပက္ဒရို ႏွစ္ဦးဟာ ကလပ္အသင္း ေသခ်ာေပါက္ ရွင္းထုတ္သြားမယ့္ ကစားသမားေတြျဖစ္ျပီး ဂ်ီရူးနဲ႔ ဝီလီယမ္တို႔အတြက္ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ကေတာ့ မရေသးပါဘူး။ လူငယ္တိုက္စစ္သမား ေအဘရာဟမ္နဲ႔လည္း စာခ်ဳပ္သစ္ကိစၥ သေဘာတူညီမႈ မရေသးကာ ကလပ္ဘက္ကေတာ့ ျပန္လည္ အစားထိုး ေခၚယူမႈေတြအျဖစ္ ဘိုင္လီ၊ ဆန္ခ်ိဳ၊ ဒမ္ဘီလီတို႔ကို ခ်ိန္ရြယ္ထားတာ ျဖစ္ပါတယ္။