ဒီည ဘရိုက်တန် ကို အဝေးကွင်းမှာ မန်စီးတီး အနိုင်ယူနိုင်မလား ခန့်မှန်းချက် ထုတ်လာတဲ့ ဆရာကြီး ပေါမာဆန်

ဒီတလော ရှုံးပွဲ ဆက်နေတဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘရိုက်တန် အသင်းနဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။ ပွဲချိန်ကတော့ ဒီ စနေနေ့ ည ၁၂ နာရီ တိတိ အချိန်မှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘရိုက်တန် – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

အမ်မိုရင်းရဲ့ စပို့တင်းကို ၄-၁ ဖြင့် ရှုံးတဲ့နောက် စီးတီးကို အားလုံးက စောင့်ကြည့်နေပါပြီ။ သူတို့ဟာ ဂွာဒီယိုလာ ကိုင်တွယ်မှုတစ်လျှောက်မှာ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ၃ ပွဲဆက် ရှုံးနိမ့်ထားတာပါ။

ရိုဒရီ မပါနိုင်တာက ကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ အသင်းကို စုစည်းစေပြီး ခံစစ် ၄ ယောက်တန်းကို ကာကွယ်ပေးနိုင်တဲ့ ကစားသမား မရှိတော့ချိန်မှာ အသင်းက ရုန်းကန်ရတာပါပဲ။

မန်စီးတီးကို ရင်ဆိုင်ဖို့ ပို လွယ်လာပေမယ့် ဘရိုက်တန်ပွဲမှာ သူတို့ တုန့်ပြန်မှု လုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။ စီးတီးက ၄ ပွဲဆက်တော့ ရှုံးမှာ မဟုတ်ပါဘူး။

အခုချိန်မှာ စီးတီးက အမှောင်ဆုံးကာလကို ရောက်နေတယ် ဆိုပေမယ့် သူတို့က ပြိုင်ဘက်ကို အနိုင်ယူနိုင်စွမ်း ရှိနေဆဲပါပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်

ဘရိုက်တန် ၁-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။