
ညက စပို့တင်းကို ရှုံးအပြီးမှာ မန်စီးတီးအသင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရလဒ်အဖြစ် ၃ ပွဲဆက် အရှုံးနှင့် ကြုံရပြီးနောက် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ ရှေ့ထွက်လာရပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ ၃ ပွဲဆက် အရှုံးအဖြစ် လစ္စဘွန်းတွင် အေမိုရမ်ရဲ့ စပို့တင်းလစ္စဘွန်းကို ၄-၁ ဂိုးဖြင့် ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။
မန်စီးတီးဟာ ယခင်တုန်းက ဂွါဒီယိုလာလက်ထက်တွင် တစ်ရာသီတည်းမှာ ၃ ပွဲဆက် ရှုံးနိမ့်မှုအဖြစ် ၁ ကြိမ်တည်းသာ ကြုံခဲ့ဖူးတာပါ။ အဲဒါကလည်း ၂၀၁၈ ဧပြီလတုန်းက ဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ မန်စီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားက မန်စီးတီးမှာ အမှောင် တစ်နေရာတစ်ခုသို့ ကျဆင်း ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာဟာ စပို့တင်းရှုံးပွဲကို လက်ခံပေမဲ့လည်း ယင်းစကားလုံး အသုံးအနှုန်းမှာ အဓိပ္ပါယ်မရှိကြောင်း ဆိုသွားပါတယ်။
ဂွါဒီယိုလာက “အစကတည်းက ခက်ခဲတဲ့ ရာသီဖြစ်လာမယ်ဆိုတာ သိထားပြီးသားပါ။ ဒါကို ကြိုက်တယ်။ သဘောကျတယ်။ ရင်ဆိုင်ချင်တယ်။ ကစားသမားတွေကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးချင်တယ်။ လက်မြှောက်အရှုံးမပေးပါဘူး။ ဒါကတော့ သေချာပါတယ်”လို့ ပြောကြားသွားပါတယ်။
ဂွါဒီယိုလာဟာ ဒဏ်ရာပြဿနာများနှင့် ကြုံနေရမှုကြောင့် ဂျွန်စတုန်း၊ ရူဘင်ဒိုင်ယက်စ်တို့ မပါဝင်နိုင်မှုနှင့်အတူ အသက် ၁၉ နှစ်ပြည့်ပြီးခါစ လူငယ်အသင်းခေါင်းဆောင် ဂျာမိုင်ဆွမ်ဆင်ပူဆေးကို အသုံးပြုသွားခဲ့ပါတယ်။
ညကပွဲ အရေးနိမ့်ခဲ့ပေမယ့် ဂွါဒီယိုလာက စီးတီးနဲ့ အတူ ၃ ပွဲဆက် အရှုံးမှ ရုန်းထွက် တိုက်ပွဲဝင်သွားရန် အသင့်ရှိနေပါတယ်။