ချယ်ဆီးအသင်းရဲ့ လာမယ့်နွေ နံပါတ် ၁ တိုက်စစ် ပစ်မှတ်ကစားသမား

အင်္ဂလန် The Athletic သတင်းဌာနရဲ့ ဖော်ထုတ်ချက်အရ ချယ်ဆီးအသင်းဟာ လာမယ့်နွေ နံပါတ် တစ် တိုက်စစ် ပစ်မှတ် ကစားသမား အဖြစ် လိုင်ယွန် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတည်းက ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး ထိုစဉ်က လိုင်ယွန်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ကြောင့် နောက်ဆုတ်သွားခဲ့တာပါ။ နွေမှာတော့ လိုင်ယွန်က ဒမ်ဘီလီအတွက် တန်ကြေး အနည်းငယ် လျှော့က ရောင်းချနိုင်မယ်လို့ ချယ်ဆီးက မျှော်လင့်ထားပါတယ်။

လန်ဒန်အခြေစိုက် သတင်းဌာန တချို့ အဆိုအရ ချယ်ဆီးဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ကြိုးစားမယ် သတင်းထွက်နေပေမယ့် ဂျာမန်သား တိုက်စစ်မှူးဟာ လီဗာပူးအသင်းဘက် ပိုမို စိတ်ဝင်စားမှု ရှိနေပါတယ်။ လီဗာပူးအသင်းကလည်း တီမိုဝါနာကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းထဲ ပါဝင်ပါတယ်။

ဒမ်ဘီလီကိုသာ ခေါ်ယူဖြစ်ရင် ချယ်ဆီးအသင်း တိုက်စစ်မှူးတွေထဲက ဘတ်ရှူဝါရီ ဒါမှမဟုတ် ဂျီရူး တစ်ယောက်ကတော့ ထွက်ခွာရဖွယ် ရှိပါတယ်။ ၎င်းတို့ ရောင်းချရရှိငွေကနေ ချယ်ဆီးက အပြောင်းအရွှေ့ အသုံးစရိတ်ကို အားဖြည့်ပြီး ဒမ်ဘီလီအတွက် စိတ်ကြိုက် ကမ်းလှမ်းမှုတွေ ပြုလုပ်လိုနေပါတယ်။

အချက်အလက်များအရ ပြင်သစ် လီဂူးဝမ်းမှာ ဒမ်ဘီလီ သွင်းဂိုး ၁၆ ဂိုးထက် ပို သွင်းယူထားနိုင်တာက အမ်ဘတ်ပီနဲ့ ဘန် ယက်ဒါတို့သာ ၁၈ ဂိုးစီနဲ့ ရှေ့မှာ ရှိနေပါတယ်။ ဒါကြောင့် အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မူှး ဒမ်ဘီလီကိုသာ အရ ခေါ်ယူနိုင်ရင် ချယ်ဆီးတို့ တိုက်စစ်အား ပိုကောင်း သွားမှာ ဖြစ်ပါတယ်။

Zawgyi – အဂၤလန္ The Athletic သတင္းဌာနရဲ႕ ေဖာ္ထုတ္ခ်က္အရ ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြ နံပါတ္ တစ္ တိုက္စစ္ ပစ္မွတ္ ကစားသမား အျဖစ္ လိုင္ယြန္ တိုက္စစ္မွဴး မိုဆာ ဒမ္ဘီလီကို သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီတည္းက ဒမ္ဘီလီကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့တာ ျဖစ္ျပီး ထိုစဥ္က လိုင္ယြန္ေတာင္းဆိုတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၆၀ ေၾကာင့္ ေနာက္ဆုတ္သြားခဲ့တာပါ။ ေႏြမွာေတာ့ လိုင္ယြန္က ဒမ္ဘီလီအတြက္ တန္ေၾကး အနည္းငယ္ ေလွ်ာ့က ေရာင္းခ်နိုင္မယ္လို႔ ခ်ယ္ဆီးက ေမွ်ာ္လင့္ထားပါတယ္။

လန္ဒန္အေျခစိုက္ သတင္းဌာန တခ်ိဳ႔ အဆိုအရ ခ်ယ္ဆီးဟာ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ၾကိဳးစားမယ္ သတင္းထြက္ေနေပမယ့္ ဂ်ာမန္သား တိုက္စစ္မွဴးဟာ လီဗာပူးအသင္းဘက္ ပိုမို စိတ္၀င္စားမႈ ရွိေနပါတယ္။ လီဗာပူးအသင္းကလည္း တီမို၀ါနာကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းထဲ ပါ၀င္ပါတယ္။

ဒမ္ဘီလီကိုသာ ေခၚယူျဖစ္ရင္ ခ်ယ္ဆီးအသင္း တိုက္စစ္မွဴးေတြထဲက ဘတ္ရွဴ၀ါရီ ဒါမွမဟုတ္ ဂ်ီရူး တစ္ေယာက္ကေတာ့ ထြက္ခြာရဖြယ္ ရွိပါတယ္။ ၄င္းတို႔ ေရာင္းခ်ရရွိေငြကေန ခ်ယ္ဆီးက အေျပာင္းအေရႊ႕ အသံုးစရိတ္ကို အားျဖည့္ျပီး ဒမ္ဘီလီအတြက္ စိတ္ၾကိဳက္ ကမ္းလွမ္းမႈေတြ ျပဳလုပ္လိုေနပါတယ္။

အခ်က္အလက္မ်ားအရ ျပင္သစ္ လီဂူး၀မ္းမွာ ဒမ္ဘီလီ သြင္းဂိုး ၁၆ ဂိုးထက္ ပို သြင္းယူထားနိုင္တာက အမ္ဘတ္ပီနဲ႕ ဘန္ ယက္ဒါတို႔သာ ၁၈ ဂိုးစီနဲ႕ ေရွ႕မွာ ရွိေနပါတယ္။ ဒါေၾကာင့္ အဆံုးသတ္ ေကာင္းတဲ့ တိုက္စစ္မဴွး ဒမ္ဘီလီကိုသာ အရ ေခၚယူနိုင္ရင္္ ခ်ယ္ဆီးတုိ႔ တိုက္စစ္အား ပိုေကာင္း သြားမွာ ျဖစ္ပါတယ္။