
မန်ချက်စတာ စီးတီး အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဘုန်းမောက် – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဘုန်းမောက်က အိမ်ကွင်းမှာ ခြေစွမ်းကောင်းပါတယ်။ ဒါကြောင့် စီးတီးအတွက် ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာမှာပါ။
စီးတီးတို့ အကောင်းဆုံး ကစားနိုင်နေခြင်း မရှိပေမယ့် ပွဲတွေကို အနိုင်ရနေဆဲဖြစ်ပါတယ်။ ကြားရက်က လိဂ်ဖလားပွဲမှာ စပါးကိုလည်း ရှုံးခဲ့တယ်။
မန်စီးတီးရဲ့ ဒီရာသီ အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပဲ ဖြစ်လာဖို့ ရှိနေပါတယ်။ သူတို့ ဖန်တီးမှုအတွက် ဒီဘရိုင်းကို လွမ်းနေရသလို ရိုဒရီ မကစားနိုင်တာကလည်း သက်ရောက်မှု ကြီးပါတယ်။
ပွဲကို ၅-ဝ၊ ၆-၀ အနိုင်ရလို့လည်း အမှတ် ပိုမရပါဘူး။ ဒီတော့ အခုချိန်မှာ ရလဒ်ကောင်း ယူနိုင်နေတာကပဲ မန်စီးတီးအတွက် အဆင်ပြေပါတယ်။ ဒီအပတ်ပွဲကို သူတို့ အနိုင်ရမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်
ဘုန်းမောက် ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။