ချယ်ဆီးနည်းပြ လမ်းပတ်အား ဆက်သွယ်တောင်းပန်ခဲ့တဲ့ မေဆန်မောင့်

ချယ်ဆီးအသင်းသား မေဆန်မောင့်ဟာ အိမ်မှာတင် သီးခြားနေထိုင်ကာ အခြေအနေစောင့်ကြည့်နေဖို့ အသင်းက အသိပေးထားတဲ့ကြားက အပြင်ထွက် ဘောလုံးကန်ခဲ့တာကို အများပြည်သူ သတိပြုမိခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံယူနေရပါတယ်။ ချယ်ဆီးအသင်းသား အိုဒွိုင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရှိနေတာကြောင့် အသင်းသား အားလုံး အိမ်မှာနေကြဖို့ ချယ်ဆီးက ညွှန်ကြားထားခဲ့တာပါ။

ဒါပေမယ့် မေဆန်မောင့်က ၎င်းရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းဖော် ဒီကလန်ရိုက်စ် အပါအဝင် အခြားသူငယ်ချင်းများနဲ့ အတူ လူစုကာ အပြင်မှာ ဘောလုံးကန်ဖြစ်ခဲ့ကြပြီး ဒေသခံတွေက သတိပြုမိကာ သတင်းပို့တာတွေ ဖြစ်လာခဲ့ပါတယ်။

ထိုအဖြစ်အပျက်ကြောင့် မေဆန်မောင့်ကို ချယ်ဆီးအသင်းက ဆက်သွယ် သတိပေးခဲ့ပြီး နောက်ဆက်တွဲ ဒဏ်ရိုက်မှုတွေလည်း ရင်ဆိုင်ရဖွယ် ရှိပါတယ်။ မောင့်ကတော့ ဆရာရင်း ဖြစ်သူ ချယ်ဆီးနည်းပြ လမ်းပတ်ထံ ဖုန်းဆက်ပြီး သူလုပ်ခဲ့တဲ့ ဖြစ်ရပ် အပေါ် တောင်းပန်ခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။

မောင့်ရဲ့ လုပ်ရပ်ကြောင့် ချယ်ဆီးအသင်း တာဝန်ရှိသူတွေက အခြားအသင်းသားတွေထံလည်း ဆက်သွယ်ပြီး လူကြားထဲသွားလာခြင်း မပြုကြဖို့ ထပ်မံ သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကူးစက်မြန် ပြင်းထန်တဲ့ အဆုတ်ယောင် ရောဂါတစ်မျိုး ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝှမ်း ပြင်းထန်စွာ ရိုက်ခတ်မှုတွေ ရှိနေပြီး ဘောလုံးပြိုင်ပွဲတွေပါ ရပ်နားလိုက်တာကြောင့် ကစားသမားတွေဟာ အိမ်မှာ ပျင်းရိစွာ နားနေရင်း ကိုယ်ပိုင် အစီအစဉ်နဲ့ လေ့ကျင့်နေကြရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းသား ေမဆန္ေမာင့္ဟာ အိမ္မွာတင္ သီးျခားေနထိုင္ကာ အေျခအေနေစာင့္ၾကည့္ေနဖို႔ အသင္းက အသိေပးထားတဲ့ၾကားက အျပင္ထြက္ ေဘာလံုးကန္ခဲ့တာကို အမ်ားျပည္သူ သတိျပဳမိခဲ့တဲ့အတြက္ ေ၀ဖန္မႈေတြ ခံယူေနရပါတယ္။ ခ်ယ္ဆီးအသင္းသား အိုဒြိဳင္းမွာ ကိုရိုနာ ဗိုင္းရပ္စ္ ရွိေနတာေၾကာင့္ အသင္းသား အားလံုး အိမ္မွာေနၾကဖို႔ ခ်ယ္ဆီးက ညႊန္ၾကားထားခဲ့တာပါ။

ဒါေပမယ့္ ေမဆန္ေမာင့္က ၄င္းရဲ႕ အဂၤလန္လက္ေရြးစင္ အသင္းေဖာ္ ဒီကလန္ရိုက္စ္ အပါအ၀င္ အျခားသူငယ္ခ်င္းမ်ားနဲ႕ အတူ လူစုကာ အျပင္မွာ ေဘာလံုးကန္ျဖစ္ခဲ့ၾကျပီး ေဒသခံေတြက သတိျပဳမိကာ သတင္းပို႔တာေတြ ျဖစ္လာခဲ့ပါတယ္။

ထိုအျဖစ္အပ်က္ေၾကာင့္ ေမဆန္ေမာင့္ကို ခ်ယ္ဆီးအသင္းက ဆက္သြယ္ သတိေပးခဲ့ျပီး ေနာက္ဆက္တြဲ ဒဏ္ရိုက္မႈေတြလည္း ရင္ဆိုင္ရဖြယ္ ရွိပါတယ္။ ေမာင့္ကေတာ့ ဆရာရင္း ျဖစ္သူ ခ်ယ္ဆီးနည္းျပ လမ္းပတ္ထံ ဖုန္းဆက္ျပီး သူလုပ္ခဲ့တဲ့ ျဖစ္ရပ္ အေပၚ ေတာင္းပန္ခဲ့ေၾကာင္း ေဒးလီးေမးလ္က ေဖာ္ထုတ္ထားပါတယ္။

ေမာင့္ရဲ႕ လုပ္ရပ္ေၾကာင့္ ခ်ယ္ဆီးအသင္း တာ၀န္ရွိသူေတြက အျခားအသင္းသားေတြထံလည္း ဆက္သြယ္ျပီး လူၾကားထဲသြားလာျခင္း မျပဳၾကဖို႔ ထပ္မံ သတိေပးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ကူးစက္ျမန္ ျပင္းထန္တဲ့ အဆုတ္ေယာင္ ေရာဂါတစ္မ်ိဳး ျဖစ္တဲ့ ကိုရိုနာဗိုင္းရပ္စ္ဟာ ကမၻာတ၀ွမး္ ျပင္းထန္စြာ ရိုက္ခတ္မႈေတြ ရွိေနျပီး ေဘာလံုးျပိဳင္ပြဲေတြပါ ရပ္နားလိုက္တာေၾကာင့္ ကစားသမားေတြဟာ အိမ္မွာ ပ်င္းရိစြာ နားေနရင္း ကိုယ္ပိုင္ အစီအစဥ္နဲ႕ ေလ့က်င့္ေနၾကရပါတယ္။