
နည်းပြအန်ဇိုရဲ့ ချဲလ်ဆီးဟာ နယူးကာဆယ်အား အနိုင်ရတဲ့ပွဲမှာ ပျမ်းမျှ အသက်အငယ်ဆုံး ပွဲထွက်လူစာရင်းနှင့် ခင်းကျင်းပြီး ပရီးမီးယားလိဂ် မှတ်တိုင် စိုက်ထူခဲ့ပါတယ်။
အန်ဇိုမာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် နယူးကာဆယ်ကို အနိုင်ယူပြီးနောက် အာဆင်နယ်နှင့်ပွဲမတိုင်မီ ထိပ်ဆုံး ၄ သင်းစာရင်းဝင်လာပါတယ်။
ယင်းပွဲမှာ မာရက်စ်ကာဟာ ပျမ်းမျှအသက် ၂၃ နှစ်နှင် ၂၂၀ ရက် ရှိ လူစာရင်းကို ပွဲထုတ်ပြီး ယခုရာသီမှာ ပျှမ်းမျှအသက်အငယ်ဆုံးပရီးမီးယားလိဂ်လူစာရင်းနှင့် ပွဲထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၈ ပွဲအား အသက် ၂၇ နှစ်မကျော်တဲ့ ကစားသမားတစ်ဦးမျှ မပါဝင်ဘဲ တစ်သင်းတည်းသော အသင်းအဖြစ်လည်း ပရီးမီးယားလိဂ်သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။
ယခင်တုန်းက ပရီးမီးယားလိဂ်သမိုင်းတွင် ပျမ်းမျှအသက်အငယ်ဆုံးအသင်းအဖြစ် ဒေးဗစ်အိုလာရီရဲ့ လိဒ်ယူနိုက်တက်က ၂၀၀၀ ခုနှစ်တုန်းက ပျမ်းမျှ အသက် ၂၄ နှစ်၊ ၁၆၂ ရက်ဖြင့် စံချိန်ရေးထိုးထားတာပါ။
နယူးကာဆယ်နှင့်ပွဲတွင် မာရက်စ်ကာဟာ ပွဲထွက်လူစာရင်းတွင် ရိုမီယိုလာဗီယာ(၂၀နှစ်)၊ မယ်လိုဂပ်စ်တို(၂၁နှစ်)၊ လီဗီကိုဝဲလ်(၂၁နှစ်)တို့အား ပွဲထုတ်ခဲ့ပါတယ်။
ချဲလ်ဆီးပွဲထွက်လူစာရင်းတွင် အသက်အကြီးဆုံးကစားသမားမှာ ဂိုးသမားရောဘတ်ဆန်းချက်ဇ်ဖြစ်ပြီး အသက် ၂၆ နှစ် ဖြစ်ပါတယ်။
ယခုရာသီတွင် ချဲလ်ဆီးရဲ့ အသက်အကြီးဆုံးကစားသမားမှာ တိုဆင်အဒါရာဘီအိုယိုဖြစ်ပြီး အသက် ၂၇ နှစ် ဖြစ်ပါတယ်။ အသက်အငယ်ဆုံးကစားသမားကတော့ အသက် ၁၈ နှစ်အရွယ်ရှိ မာ့ခ်ဂူယူ ပါ။
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အသက် ၃၀ နှစ်အထက် ကစားသမား အသုံးမပြုသေးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။