
မန်စီးတီး အသင်းက ဒီအပတ် EPL မှာ ဆောက်သမ်တန် အသင်းနဲ့တွေ့နေပြီး အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားမှာပါ။ ပွဲကတော့ ဒီ စနေနေ့ ည မြန်မာစံတော်ချိန် ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က စီးတီးနဲ့ ဆောက်သမ်တန်တို့ ပွဲ အတွက် အခုလို သုံးသပ်ခန့်မှန်းလာပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲ ဘယ်လိုရလဒ်မျိုး ရချင်လဲ? ဆောက်သမ်တန်က မန်စီးတီးတို့ ဖျက်ဆီးတာကို ရင်ဆိုင်ရမှာပါ။ ကျနော်ကတော့ စီးတီးတို့ ၄-၀ လောက်ထိ ဂိုးပြတ်နိုင်သွားမယ် ထင်မိတယ်။ ဂွာဒီယိုလာရဲ့အသင်း ခြေစွမ်းကောင်းနေရင် အဲ့ဒီထက်တောင် ဂိုးပြတ်သွားဦးမယ်။
လက်စတာကို ၂-၀ နဲ့ ဦးဆောင်ထားပြီးမှ ရှုံးနိမ့်ခဲ့တာဟာ ဆောက်သမ်တန်ကို နာကျင်စေပါလိမ့်မယ်။ အီသီဟတ်မှာတော့ သူတို့ ဘာရလဒ်မှ ရမယ် မမြင်ပါဘူး။
အမှတ်ပေးဇယား နောက်ဆုံးရပ်တည်မှုမှာ သွင်းဂိုး ကွာခြားမှုကလည်း အသက်ဖြစ်လာနိုင်တယ်။ မန်စီးတီးကော ဆောက်သမ်တန်ကော ဒါကို သတိပြုမိဖို့ လိုပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၄-ဝ ဆောက်သမ်တန် ဖြစ်ပါတယ်။