
နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ဂန္တဝင် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက ဒီတပတ် ချယ်ဆီးနဲ့ နယူးကာဆယ် တို့ ပွဲ အတွက် ကြိုတင် သုံးသပ်ခန့်မှန်းလာပါတယ်။
ချယ်ဆီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့နေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားဖို့ ရှိနေတာပါ။
အလန်ရှီးယားက ” ကြားရက်မှာ ပွဲကစားရခြင်း မရှိခဲ့တဲ့ နယူးကာဆယ်ဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ရလဒ်ကောင်း ယူနိုင်ပါတယ်။
နည်းပြ အတ်ဒီဟောင်ရဲ့ အသင်းဟာ ဒီအပတ်မှာ အဆုံးသတ်ပိုင်းနဲ့ နောက်ဆုံးဘော ပေးချက်တွေ တိုးတက်လာဖို့အတွက် ကြိုးစားလေ့ကျင့်ချိန် ရခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ အန်တိုနီ ဂေါ်ဒန်ကို သက်တမ်းတိုးစာချုပ် လက်မှတ်ထိုးထားနိုင်လို့ ယုံကြည်ချက် ရှိနေလိမ့်မယ်။ သူတို့က ချယ်ဆီးကို ရင်ဆိုင်ကစားပြီး သရေရလဒ် ရယူကာ ဘောလုံးရာသီကို ပြန်စတင်နိုင်ပါလိမ့်မယ်။
လီဗာပူးနဲ့ပွဲမှာ ချယ်ဆီးရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးမိသလို သူတို့ တိုးတက်လာတယ် မြင်ပေမယ့် တနင်္ဂနွေနေ့ပွဲကတော့ ခက်ခဲပါလိမ့်မယ်။” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။
အလန်ရှီးယား ခန့်မှန်းရလဒ် ကတော့ သရေ ရလဒ်ပဲ ဖြစ်ပါတယ်။