
နည်းပြ အန်ုဇိုရဲ့ ချယ်ဆီးအသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ ထိပ်တိုက်တွေ့နေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာပါ။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီးနဲ့ နယူးကာဆယ် တို့ ပွဲ အတွက် ကြိုတင် သုံးသပ်ခန့်မှန်းချက် ထုတ်လာပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
အရင်အပတ်က လီဗာပူးကို ရင်ဆိုင်ရာမှာ ကစားပုံကောင်းပေမယ့် ချယ်ဆီးတို့ အရေးနိမ့်ခဲ့ပါတယ်။ ကိုးပါလ်မာက ဘောလုံး ကောင်းကောင်းမထိခဲ့ရဘူး။ ဒါကပဲ ချယ်ဆီးရဲ့ ပြဿနာပါ။ ပါလ်မာကို ရပ်တန့်နိုင်ရင် ချယ်ဆီးကို ရင်ဆိုင်လို့ရပါပြီ။
စွမ်းဆောင်ရည် မတည်ငြိမ်တဲ့ နယူးကာဆယ်လို အသင်းကို ရင်ဆိုင်ရတာ ချယ်ဆီးအတွက် အဆင်ပြေပါလိမ့်မယ်။ မာရက်စ်ကာရဲ့ အသင်းက ခပ်မြန်မြန် တုန့်ပြန်ပြဖို့တော့ လိုလိမ့်မယ် ဘာလို့လဲဆိုတော့ သူတို့ ထိပ်ဆုံး ၄ သင်း အပြင်ကို ထွက်နေပါပြီ။
ဒီအပတ်ပွဲကို အက်စတွန်ဗီလာ နိုင်ပြီး ချယ်ဆီးက နယူးကာဆယ်ကို မနိုင်ဘူးဆိုရင် ထိပ်ဆုံး ၄ သင်း နေရာအတွက် ရမှတ် ကွာဟမှုက ပိုမို ကြီးမားလာမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၃-၁ နယူးကာဆယ် ဖြစ်ပါတယ်။
ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။