မာတီနက်ဇ်၊ ဘယ်လင်ဟန်၊ ဝီလီယံတို့ အပြောင်းအရွှေ့ ရိုက်ခတ်မှုတွေ ပါဝင်တဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီး ကစားသမား မေဆန်မောင့်ဟာ အိမ်မှာ သီးခြားခွဲနေပြီး အပြင်သွားလာမှု ကန့်သတ်ထားတဲ့ကြားက အင်္ဂလန်အသင်းဖော် ဒီကလန်ရိုက်စ်နဲ့ အတူ အပြင်မှာ ဘောလုံးထွက်ကန်ခဲ့တဲ့ လုပ်ရပ်ကြောင့် ချယ်ဆီးဘက်က အပြစ်ပေးမှုရော နည်းပြလမ်းပတ်ထံမှ ငြိုငြင်မှုကိုပါ ခံယူရဖို့ ရှိနေပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဝင်ရောက်လာတာကြောင့် ချယ်ဆီးအသင်းဟာ အင်တာမီလန် တိုက်စစ်သမား မာတီနက်ဇ်အတွက် ငွေကြေး အလုံးအရင်း သုံးစွဲရဖွယ် ရှိလာပါတယ်။

ယူအီးအက်ဖ်အေက ဒုတိယအကျော့ပွဲ မကစားရသေးတဲ့အသင်းများထဲကနေ ချန်ပီယံလိဂ် ကွာတားအဆင့် တက်ရောက်တဲ့ အသင်းများအဖြစ် ပထမအကျော့ ရလဒ်ကိုပဲ ယူသွားဖွယ် ရှိကြောင်း သတင်းထွက်ပေါ်နေပါတယ်။ ချယ်ဆီးအသင်းဟာ ဘိုင်ယန်ကို ပထမအကျော့မှာ ရှုံးနိမ့်ထားတာကြောင့် နစ်နာဖို့ ရှိနေပါတယ်။

ဘာမင်ဂမ် လူငယ်ကြယ်ပွင့် ဘယ်လင်ဟန်က ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီးပြီ သတင်းထွကေ်ပါ်နေသော်လည်း ချယ်ဆီးအသင်းက ယူနိုက်တက်၊ ဘိုင်ယန်တို့နဲ့ အတူ ပေါင် သန်း ၃၀ တန် ကွင်းလယ်သမားကို ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ချယ်ဆီးတောင်ပံတိုက်စစ်သမား ဝီလီယံက ရာသီကုန်မှာ စတန်းဖို့ဘရစ်ချ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီ သိရပြီး အာဆင်နယ် ဒါမှမဟုတ် ယူနိုက်တက်ကို ရွေးချယ်လိုနေတယ် သတင်းထွက်ပေါ်နေပါတယ်။

ချယ်ဆီး ခံစစ်မှူး အလွန်ဆိုက ပရီးမီးယားလိဂ် ဖေဖော်ဝါရီ အကောင်းဆုံးဆု ဆန်ကာတင်ထဲ ပါဝင်ခဲ့သော်လည်း ယူနိုက်တက်မှာ ခြေစွမ်းပြ နေတဲ့ ဖာနန်ဒက်စ်က ဆု ရရှိသွားပါတယ်။

Zawgyi – ချယ်ဆီး ကစားသမား မေဆန်မောင့်ဟာ အိမ်မှာ သီးခြားခွဲနေပြီး အပြင်သွားလာမှု ကန့်သတ်ထားတဲ့ကြားက အင်္ဂလန်အသင်းဖော် ဒီကလန်ရိုက်စ်နဲ့ အတူ အပြင်မှာ ဘောလုံးထွက်ကန်ခဲ့တဲ့ လုပ်ရပ်ကြောင့် ချယ်ဆီးဘက်က အပြစ်ပေးမှုရော နည်းပြလမ်းပတ်ထံမှ ငြိုငြင်မှုကိုပါ ခံယူရဖို့ ရှိနေပါတယ်။



ဘာမင်ဂမ် လူငယ်ကြယ်ပွင့် ဘယ်လင်ဟန်က ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီးပြီ သတင်းထွက်ေပါ်နေသော်လည်း ချယ်ဆီးအသင်းက ယူနိုက်တက်၊ ဘိုင်ယန်တို့နဲ့ အတူ ပေါင် သန်း ၃၀ တန် ကွင်းလယ်သမားကို ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ချယ်ဆီးတောင်ပံတိုက်စစ်သမား ၀ီလီယံက ရာသီကုန်မှာ စတန်းဖို့ဘရစ်ခ်ျကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီ သိရပြီး အာဆင်နယ် ဒါမှမဟုတ် ယူနိုက်တက်ကို ရွေးချယ်လိုနေတယ် သတင်းထွက်ပေါ်နေပါတယ်။
