ချဲလ်ဆီးမှာ ပွဲထွက်ခွင့် ရသင့်နေပြီ ဖြစ်တဲ့ အသင်းသား တစ်ဦး အကြောင်း ဖရန့်လမ်းပတ် ထောက်ပြ

ချဲလ်ဆီး ဂန္တဝင်ကြီး ဖရန့်ခ် လမ်းပတ်က တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ပက်ဒရို နီတိုက ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်တစ်နေရာရဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အန်ဇို မာရက်စ်ကာရဲ့အသင်းဟာ အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းမှာပဲ မိုဟာမက် ဆာလားရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပေမယ့်လည်း ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာပဲ နီကိုးလတ်စ် ဂျက်ခ်ဆင်က ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက ချေပဂိုးသွင်းယူပြီးနောက် ၃ မိနစ်အကြာမှာပဲ ကာတစ် ဂျုံးစ်က မိုဟာမက် ဆာလားရဲ့ ဖြတ်တင်ပေးပို့မှုကနေ အနီးကပ် ပိတ်သွင်းပြီး ဦးဆောင်ဂိုး ပြန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နီတိုဟာ ပထမပိုင်းအပြီးမှာ ဂျေဒန် ဆန်ချိုရဲ့ နေရာမှာ လူစားဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ဒုတိယပိုင်းမှာ ချဲလ်ဆီးရဲ့ အတိုးအလှုပ်အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ပွဲစဉ်အတွင်းမှာ ကောင်းမွန်တဲ့အရာအချို့ကို လုပ်နိုင်ခဲ့တယ်လို့ ခံစားနေရချိန်မှာ တခြားအသင်းက အကောင်းဆုံး အရည်အသွေးမှာ ရှိမနေတဲ့အချိန်ဖြစ်ပေမယ့် ၁ မှတ်မှမရဘဲ ပြန်လာရတာက အမြဲတမ်း စိတ်ပျက်စရာဖြစ်ခဲ့မှာပါ။

တိုက်စစ်မှာ ပွဲအဖြေပြောင်းလဲပေးသူလို့ ကျွန်တော်တို့ မြင်ခဲ့တဲ့ အထူးသဖြင့် ကိုးပါလ်မာလို ကစားသမားမျိုးက ခင်ဗျား ပွဲအဖြေကို ပြောင်းလဲပေးနိုင်မယ်လို့ ခံစားခဲ့ရချိန်မှာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ပက်ဒရို နီတိုဝင်လာပြီး အသင်းရဲ့ တိုက်စစ်ကို အများကြီး အားဖြည့်ပေးနိုင်ခဲ့တယ်လို့ ထင်တယ်။ သူက နောက်ပွဲတွေမှာ ပွဲထွက်ပါဝင်ခွင့်ရဖို့ ကြီးမားတဲ့အခွင့်အရေးရအောင် သူ့ကိုယ်သူ တွန်းအားပေးခဲ့တယ်လို့ ထင်တယ်။ သူပွဲထွက်ခွင့်ရသင့်တယ်လို့ ကျွန်တော် ထင်တယ်။

သူက တက်တက်ကြွကြွ ကစားနိုင်တဲ့ကစားသမားဖြစ်ပြီး သူဝင်လာကတည်းက အသင်းကစားပုံကို နည်းနည်း အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ ထင်တယ်။

ဒါပေမယ့် သူတို့တွေ တိုက်စစ်မှာ နည်းနည်း အဆုံးသတ်ပိုင်း ကင်းမဲ့နေခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူတို့အတွက် ကောင်းမွန်တဲ့အရာအချို့ကိုလည်း မြင်တွေ့ခဲ့ရပေမယ့် အဆုံးမှာ သူတို့တွေ အိမ်ကို စိတ်ပျက်လက်ပျက်နဲ့ ပြန်ခဲ့ရတယ်။

ဘာလို့လဲဆိုတော့ အနည်းဆုံးတော့ ခင်ဗျား ဒီလိုမျိုး ကစားနိုင်တဲ့အချိန်မှာ တစ်မှတ်လောက်တော့ ရခဲ့သင့်တာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။