ချယ်ဆီးက လီဗာပူးအတွက် အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်ကြောင်း ဝန်ခံခဲ့တဲ့ လီဗာပူး နည်းပြ ဆလော့

တနင်္ဂနွေည အန်ဖီးကွင်းမှာ လီဗာပူးက ချယ်ဆီးအသင်းကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့ပြီးနောက် လီဗာပူးနည်းပြ အာနယ် ဆလော့က ပြိုင်ဘက် ချယ်ဆီး အသင်းအပေါ် ချီးကျူးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၈ အပြီး ၇ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားကာ အမှတ်ပေးဇယား ဦးဆောင်နေတဲ့ မာဆေးဆိုဒ်ကလပ်အတွက် အခုချိန်ထိ ရင်ဆိုင်လာသမျှထဲ အခက်ခဲဆုံး ပြိုင်ဘက်က ချယ်ဆီးပဲ ဖြစ်ပါတယ်လို့ လီဗာပူးနည်းပြက ဝန်ခံ ပြောဆိုသွားတာပါ။

အာနယ် ဆလော့က ” ကျနော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အခြားပွဲတွေက ခက်ခဲပါတယ်။ ဒါပေမယ့် ရင်ဆိုင်ဖူးသမျှမှာ ချယ်ဆီးက အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်းတွေနဲ့ သူတို့ရဲ့ တည်ဆောက်ပုံကြောင့်ပါ။

ဒီလို နိုင်ပွဲရဖို့ ကျနော်တို့ တကယ်ကို ခက်ခက်ခဲခဲ ကြိုးစား တိုက်ခိုက်ခဲ့ရတာပါ။ တစ်သင်းလုံး တောင့်တင်းစွာ ခုခံခဲ့ရသလို အံ့မခန်း လုပ်အားနှုန်းတွေ ထုတ်သုံးခဲ့ရပါတယ်။ ပိုကောင်းတဲ့ အသင်းတွေကို ရင်ဆိုင်လာရတာကြောင့် ကိုယ်က တိုက်ခိုက်ဖို့ လိုပါတယ်။

ချယ်ဆီးပွဲမှာတော့ ကျနော်တို့ရဲ့ တိုက်ခိုက်လိုစိတ်က အကူအညီဖြစ်ခဲ့သလို တစ်ဦးချင်း အနေအထားတွေကလည်း ခြားနားမှုတွေ ယူဆောင်လာခဲ့ပါတယ်။

ချယ်ဆီးကို ရင်ဆိုင်ရတာဟာ ကြီးကျယ်တဲ့ပွဲဖြစ်ပြီး လူတိုင်း ဒါကို ခံစားမိကြပါတယ်။ ကျနော်တို့တင် မဟုတ်ဘဲ ပရိသတ်တွေလည်း ဒါကို ခံစားမိကြမှာပါ။

ဒီနေ့မှာ ချယ်ဆီးက ကျနော်တို့အတွက် အားကောင်းတဲ့ ပြိုင်ဘက်ဖြစ်ခဲ့တယ် ကျနော်တို့က အနိုင်ယူနိုင်စွမ်း ပြသခဲ့တယ်။ ဒါ အရေးအကြီးဆုံးပါပဲ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။