
ချယ်ဆီးအသင်း ဟာ ဒီည ပရီးမီးယားလိဂ်ပွဲအဖြစ် အန်းဖီး သွားပြီး လီဗာပူးနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေပါတယ်။ ပွဲကတော့ ဒီ တနင်္ဂနွေနေ့ ည ၁ဝ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က လီဗာပူး – ချယ်ဆီးတို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
လွယ်ကူတဲ့ ပွဲစဉ်တွေပဲ ပိုင်ဆိုင်ထားတဲ့ လီဗာပူးအတွက် စမ်းသပ်မှုတွေ ရောက်လာပြီလို့ လူတိုင်းက ပြောလာနေကြပါပြီ။ ဒီပွဲအပြီး နောက်အပတ်မှာ လီဗာပူးက အမ်းမရိတ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။
မန်နေဂျာသစ်တွေနဲ့ ပြန်စတင်နေတဲ့ ဒီနှစ်သင်းအတွက် ခက်ခဲတဲ့ပွဲစဉ်ပါပဲ။ ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဒီကလပ် နှစ်သင်းကြားမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီအပတ်ပွဲ ရှုံးရမှာကို ဘယ်အသင်းမှ ကြိုက်မှာ မဟုတ်ပါဘူး။
အန်ဖီးကိုသွားပြီး ချယ်ဆီးအသင်းက လီဗာပူးကို လွှမ်းမိုးကစားနိုင်မယ်လို့ ကျနော် မပြောနိုင်ပါဘူး။ အယ်လီဆန် ဒဏ်ရာ ရသွားတာ လီဗာပူးအတွက် နစ်နာပေမယ့် ကလယ်ဟာကလည်း ဂိုးပေါက်မှာ ကာကွယ်မှုကောင်းမွန်သူပါ။
အခြားတစ်ဖက်မှာ အာနယ် ဆလော့ရဲ့ ကစားဟန်က ဆာလာနဲ့ အံဝင်ပါတယ်။ လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်း ရွေးချယ်စရာတွေက အနည်းငယ် အသာစီး ရသွားစေမယ် မြင်ပါတယ်။
ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ်
လီဗာပူး ၂-၁ ချယ်ဆီး။