
မြန်မာစာနဲ့ မွန်စာ ပါဝင်တဲ့ ထိုင်းငွေစက္ကူတွေကို ထိုင်းရှေ့ဟောင်းပြတိုက်တွေမှာ ယနေ့တိုင် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ရာမ (၄) ဘုရင်မင်းမြတ် Phra Chom Klao လက်ထက် ၁၈၅၀ ဝန်းကျင်မှာ ထုတ်ဝေခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ငွေစက္ကူမှာ ဘာသာစကား ၁၁ မျိုး ပါဝင်ခဲ့ပါတယ်။
ထိုင်းစာ အပြင် ထိုစဉ်ကာလတွေကတည်းက Siam မင်းဆက်နဲ့ ထိတွေ့ ဆက်ဆံမှုရှိတဲ့ တရုတ်၊ လက်တင်၊ အင်္ဂလိပ် အပြင် မြန်မာစာနဲ့ မွန်စာတွေပါရှိပါတယ်။
မြန်မာစာပါဝင်တဲ့ ငွေကြေးတွေအဖြစ်
(၁) တမူ။ မွဲသေဲ
(၂) တမတ်။ မွဲမး
(၃) နှစ်မတ်။ ၜါမး
ဆိုပြီး ငွေစက္ကူ ၃ မျိုးဆိုပြီး တွေ့နိုင်ပါတယ်။