အင်္ဂလန်ပရိသတ်တွေအတွက် မက်ဆေ့တစ်ခု ပေးလိုက်တဲ့ နည်းပြသစ် တူချယ်

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ဟာ ချယ်လ်ဆီး ဘိုင်ယန်မြူးနစ် ဒေါ့မွန် ပီအက်စ်ဂျီတို့နဲ့အတူ ကလပ်အသင်း များစွာနဲ့ အတွေ့အကြုံများစွာ ရှိထားတဲ့ ဂျာမနီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ သောမတ်စ် တူဟယ်လ်ကို ဒီကနေ့မှာပဲ အင်္ဂလန်နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

နည်းပြဘဝအတွင်း နိုင်ငံအသင်းတွေကို ကိုင်တွယ်နိုင်ခြင်း မရှိသေးတဲ့ တူဟယ်လ်က သူ့အနေနဲ့ အင်္ဂလန်နည်းပြ ဖြစ်လာတဲ့အပေါ် အလွန် စိတ်လှုပ်ရှားနေသလို ကမ္ဘာ့ဖလား အရယူပေးမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

တူဟယ်လ်က “ အင်္ဂလန်နည်းပြဒီရာထူးကို လက်ခံရရှိလိုက်လို့ ဂုဏ်ယူစရာ ဖြစ်နေသလို ပထမဆုံးအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့ သေချာအောင် အားလုံး လုပ်ဆောင်ပေးသွားပါမယ်။

ပြီးတော့ ဒီအသင်းမှာလည်း ကမ္ဘာ့ဖလားတစ်ခုလည်း ရထားပြီးပါပြီ။ ဒုတိယမြောက် ကမ္ဘာ့ဖလားကို ထပ်မံ ရယူနိုင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်ေ်တာ်တို့အသင်းရဲ့ ဂျာစီပေါ်မှာ ဒုတိယမြောက် ကြယ်ပွင့် ရလာဖို့ ကြိုးစားပါမယ်။ မကြာခင်မှာ ကွင်းထဲမှာ တွေ့ကြပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

တူဟယ်လ်က လာမယ့် ၂၀၂၅ခုနှစ်ကနေ စတင်ပြီး အင်္ဂလန်နည်းပြရာထူးအတွက် စတင် ဆောင်ရွှက်သွားတော့မှာ ဖြစ်ပါတယ်။