
အင်္ဂလန်အက်ဖ်အေဟာ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကို အင်္ဂလန်လက်ရွေးစင်နည်းပြချုပ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေခြင်း မရှိပါဘူး။
အင်္ဂလန်အသင်းဟာ နည်းပြ ဆောက်ဂိတ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ယူ-၂၁ နည်းပြ လီကာစ်လေကို ယာယီနည်းပြအနေနဲ့ တာဝန်ပေးထားတာပါ။
အမြဲတမ်း နည်းပြခန့်အပ်သွားဖို့ ရှာဖွေနေရာမှာ ဂွာဒီယိုလာ၊ တူချယ်၊ ပေါ်တာနဲ့ ဟိုဝီတို့ကို ဦးစားပေးအဖြစ် ရွေးချယ်ထားတာပါ။ ဒါပေမယ့် ဂွာဒီယိုလာ ပါဝင်တော့မှာ မဟုတ်ဘဲ တူချယ်ကပဲ ရေပန်းအစားဆုံးဖြစ်လာနေပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြသစ်ကို အလျင်စလို ခန့်အပ်ဦးမှာမဟုတ်ဘဲ ကလပ်ဘောလုံးရာသီ အကုန်အထိ ကာစလေကိုပဲ ယာယီနည်းပြအဖြစ် ဆက်လက် တာဝန်ပေးထားဖို့လည်း ဆုံးဖြတ်ထားပါတယ်။