ချန်ပီယံလိဂ်မှာ ချယ်ဆီးကို ထိခိုက်စေနိုင်တဲ့ ဆုံးဖြတ်ချက်မျိုး ချဖွယ် ရှိနေတဲ့ ယူအီးအက်ဖ်အေ

ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် စတဲ့ ဥရောပ ဘောလုံးပြိုင်ပွဲများလည်း ရွှေ့ဆိုင်းထားရရာ ယူအီးအက်ဖ်အေ အနေနဲ့ ပြိုင်ပွဲကို ဘယ်လို အပြီးသတ်ရမလဲ အကြိတ်အနယ် စဉ်းစားဆွေးနွေး နေရတဲ့ အနေအထား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ဒီတလော ဥရောပပွဲစဉ်များ ရပ်နားကြောင်း ယူအီးအက်ဖ်အေက ကြေငြာထားခဲ့ပြီး ဆက်လက် ကျင်းပဖို့ အခြေအနေကို စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်က ရှုံးထွက်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ပြိုင်ပွဲ ပြီးဆုံးဖို့ ကွာတားဖိုင်နယ်၊ ဆီမီးနဲ့ ဗိုလ်လုပွဲ အဆင့်များ ကျန်ရှိပါသေးတယ်။

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့်မှာ အချို့အသင်းများက နှစ်ကျော့ ကစားပြီးလို့ ကွာတားအဆင့်သို့ တက်ရောက်သွားပြီ ဖြစ်ပေမယ့် ချယ်ဆီးအပါအဝင် အသင်းအချို့ကလည်း ဒုတိယ အကျော့ ကစားဖို့ ကျန်ရှိပါသေးတယ်။ ချယ်ဆီးအသင်းက ဘိုင်ယန်မြူးနစ်ကို ပထမ အကျော့မှာ ၃-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။

ဥရောပ ထိပ်သီး အမှတ်ပေးလိဂ်ပြိုင်ပွဲတွေက ရပ်နားထားပြီ ဖြစ်ပေမယ့် ယူအီးအက်ဖ်အေကတော့ ပွဲစဉ် အနည်းငယ်သာ ကျန်ရှိတော့တဲ့ ပြိုင်ပွဲကို အမြန်ဆုံး အပြီးသတ်နိုင်မယ့် နည်းလမ်းများ ရှာဖွေနေပါတယ်။ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကို လေးရက်အတွင်း တစ်နေရာတည်းမှာ အပြီး ကျင်းပဖို့ အစီအစဉ်များလည်း ရှိနေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

ယူအီးအက်ဖ်အေက ရှုံးထွက် အဆင့် လက်ကျန်ပွဲစဉ်များကို မကစားစေတော့ဘဲ ပထမအကျော့ ရလဒ်များနဲ့ပဲ ကွာတားအဆင့် တက်ရောက်ဖို့ ဆုံးဖြတ်နိုင်ချေ ရှိတယ် သတင်းထွက်ပေါ်နေပြီး ဒါက ပထမအကျော့ ရှုံးနိမ့်ထားတဲ့ ချယ်ဆီးအသင်း အတွက် နစ်နာဖို့ ရှိလာပါတယ်။ ပွဲစဉ် အရေအတွက် လျှော့ချဖို့ ကွာတားနဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်များကိုလည်း တစ်ကျော့တည်းသာ ကစားစေရန် ရှိတယ်လို့ သိရပါတယ်။

အခုထိတော့ တရားဝင် အဆုံးအဖြတ် ထွက်ရှိသေးတာတော့ မဟုတ်ဘဲ ဘောလုံးအဖွဲ့ချုပ်တွေ အသင်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ယူအီးအက်ဖ်အေက အစည်းအဝေး ပြုလုပ်ကာ အပြီးသတ် ဆုံးဖြတ်မှုများ ပြုလုပ်ဖို့ ရှိနေပါသေးတယ်။ အင်္ဂါနေ့မှာတော့ ဗီဒီယိုကောလ်နဲ့ အစည်းအဝေး ပြုလုပ်သွားကြဖို့ ရှိကြောင်းလည်း သိရပါတယ်။

Zawgyi – ကိုရိုနာဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္ စတဲ့ ဥေရာပ ေဘာလံုးျပိဳင္ပြဲမ်ားလည္း ေရႊ႕ဆိုင္းထားရရာ ယူအီးအက္ဖ္ေအ အေနနဲ႕ ျပိဳင္ပြဲကို ဘယ္လို အျပီးသတ္ရမလဲ အၾကိတ္အနယ္ စဥ္းစားေဆြးေႏြး ေနရတဲ့ အေနအထား ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ ဒီတေလာ ဥေရာပပြဲစဥ္မ်ား ရပ္နားေၾကာင္း ယူအီးအက္ဖ္ေအက ေၾကျငာထားခဲ့ျပီး ဆက္လက္ က်င္းပဖို႔ အေျခအေနကို ေစာင့္ၾကည့္ေနရဆဲ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္က ရွံဳးထြက္အဆင့္ကို ေရာက္ရွိေနျပီ ျဖစ္ျပီး ျပိဳင္ပြဲ ျပီးဆံုးဖို႔ ကြာတားဖိုင္နယ္၊ ဆီမီးနဲ႕ ဗိုလ္လုပြဲ အဆင့္မ်ား က်န္ရွိပါေသးတယ္။

ခ်န္ပီယံလိဂ္ ရွံဳးထြက္ ၁၆ သင္း အဆင့္မွာ အခ်ိဳ႕အသင္းမ်ားက နွစ္ေက်ာ့ ကစားျပီးလို႔ ကြာတားအဆင့္သို႔ တက္ေရာက္သြားျပီ ျဖစ္ေပမယ့္ ခ်ယ္ဆီးအပါအ၀င္ အသင္းအခ်ိဳ႕ကလည္း ဒုတိယ အေက်ာ့ ကစားဖို႔ က်န္ရွိပါေသးတယ္။ ခ်ယ္ဆီးအသင္းက ဘိုင္ယန္ျမဴးနစ္ကို ပထမ အေက်ာ့မွာ ၃-၀ နဲ႕ ရွံဳးနိမ့္ထားပါတယ္။

ဥေရာပ ထိပ္သီး အမွတ္ေပးလိဂ္ျပိဳင္ပြဲေတြက ရပ္နားထားျပီ ျဖစ္ေပမယ့္ ယူအီးအက္ဖ္ေအကေတာ့ ပြဲစဥ္ အနည္းငယ္သာ က်န္ရွိေတာ့တဲ့ ျပိဳင္ပြဲကို အျမန္ဆံုး အျပီးသတ္နုိင္မယ့္ နည္းလမ္းမ်ား ရွာေဖြေနပါတယ္။ ဆီမီးဖိုင္နယ္နဲ႕ ဗိုလ္လုပြဲကို ေလးရက္အတြင္း တစ္ေနရာတည္းမွာ အျပီး က်င္းပဖို႔ အစီအစဥ္မ်ားလည္း ရွိေနေၾကာင္း သတင္း ထြက္ေပၚေနပါတယ္။

ယူအီးအက္ဖ္ေအက ရွံဳးထြက္ အဆင့္ လက္က်န္ပြဲစဥ္မ်ားကို မကစားေစေတာ့ဘဲ ပထမအေက်ာ့ ရလဒ္မ်ားနဲ႕ပဲ ကြာတားအဆင့္ တက္ေရာက္ဖို႔ ဆံုးျဖတ္နုိင္ေခ် ရွိတယ္ သတင္းထြက္ေပၚေနျပီး ဒါက ပထမအေက်ာ့ ရွံဳးနိမ့္ထားတဲ့ ခ်ယ္ဆီးအသင္း အတြက္ နစ္နာဖို႔ ရွိလာပါတယ္။ ပြဲစဥ္ အေရအတြက္ ေလွ်ာ့ခ်ဖို႔ ကြာတားနဲ႕ ဆီမီးဖိုင္နယ္ ပြဲစဥ္မ်ားကိုလည္း တစ္ေက်ာ့တည္းသာ ကစားေစရန္ ရွိတယ္လို႔ သိရပါတယ္။

အခုထိေတာ့ တရား၀င္ အဆံုးအျဖတ္ ထြက္ရွိေသးတာေတာ့ မဟုတ္ဘဲ ေဘာလံုးအဖြဲ႕ခ်ဳပ္ေတြ အသင္းေတြရဲ႕ ကိုယ္စားလွယ္ေတြနဲ႕ ယူအီးအက္ဖ္ေအက အစည္းအေ၀း ျပဳလုပ္ကာ အျပီးသတ္ ဆံုးျဖတ္မႈမ်ား ျပဳလုပ္ဖို႕ ရွိေနပါေသးတယ္။ အဂၤါေန႔မွာေတာ့ ဗီဒီယိုေကာလ္နဲ႕ အစည္းအေ၀း ျပဳလုပ္သြားၾကဖို႕ ရွိေၾကာင္းလည္း သိရပါတယ္။