
ဘောလုံးလောကရဲ့ GOAT နှစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ နှစ်ဦးထဲမှာ ဘယ်သူ့ ပရိသတ်လဲ ဆိုတာ ချယ်ဆီးနဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမားလေး ကိုးလ် ပါလ်မာ က ဖြေကြားမှု ပြုလုပ်လာပါတယ်။
မက်ဆီလား ရော်နယ်ဒိုလား လို့ Goal သတင်းဌာနနဲ့ အင်တာဗျူမှာ မေးခွန်းထုတ်ခံခဲ့ရတာ ဖြစ်ပြီး ကိုးလ် ပါလ်မာက အခုလို တုန့်ပြန်ခဲ့တာပါ။
” ကျွန်တော် ကလေးဘဝတုန်းတည်းက မက်ဆီ ဖြစ်ချင်ခဲ့တာပါ။ ကျွန်တော့် အတွက်တော့ လီယွန်နယ် မက်ဆီပေါ့ဗျာ။ ” လို့ ပါလ်မာက ပွင့်ပွင့်လင်းလင်းပဲ ဖြေကြားခဲ့ပါတယ်။
အာဂျင်တီးနား တိုက်စစ်ကြယ်ပွင့် မက်ဆီကို အထင်ကြီး သဘောကျတဲ့ အကြောင်း ပါလ်မာ ထုတ်ဖော် ပြောဖူးတာ အခုက ပထမဆုံး အြိကမ်တော့ မဟုတ်ပါဘူး။
ဒါပေမယ့် ရော်နယ်ဒိုနဲ့ ယှဉ်မေးခံရချိန်မှာလည်း မက်ဆီပဲ လို့ ထပ်ပြီး ရှင်းရှင်းလင်းလင်း ဖြေကြားလာခဲ့တာပါ။
လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား လို့ မေးခံရချိန်မှာတော့ ဗင်နီဆီးယက်စ်နဲ့ အမ်ဘာပေ တို့ နှစ်ဦးကို ၎င်းက ရွေးချယ်ခဲ့ပြီး ဘာပေ ကတော့ အကောင်းဆုံး ဖြစ်မယ် လို့ ဆိုခဲ့ပါတယ်။
ကိုးလ် ပါလ်မာ ဒီတလောမှာတင် အင်္ဂလန် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ရရှိထားသလို ချယ်ဆီးအသင်းနဲ့ အတူ ကစားရင်း စက်တင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဆု ကိုလည်း ရရှိထားပါတယ်။