
ချယ်ဆီးအသင်းနဲ့ အတူ တောက်ပနေတဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ကိုး ပါလ်မာရဲ့ တစ်ခုတည်းသော အားနည်းချက် ကို ချယ်ဆီး အသင်းဖော် မာခ့် ကူကူရယ်လာက ဖော်ထုတ်သွားပါတယ်။
ကူကူရယ်လာက ပါလ်မာရဲ့ တစ်ခုတည်းသော အားနည်းချက်က ဘောလုံးသမားပုံ မပေါက်တာပဲလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
ပါလ်မာနဲ့ ပတ်သက်ပြီး အသင်းဖော် ကူကူရယ်လာက –
“ခင်ဗျားတို့တွေ ကိုး ပါလ်မာကို အသင်းဝတ်စုံနဲ့ မဟုတ်ဘဲ တွေ့မိမယ်ဆိုရင် သူ့ကို ဘောလုံးသမားတစ်ယောက်ဆိုတာ ခင်ဗျားတို့ ဘယ်လိုမှကို ထင်မိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် သူက ကွင်းထဲမှာဆိုရင်တော့ မတူတော့ဘူး။ သူ့ကန်သွင်းချက်တွေက ခက်ခက်ခဲခဲ ကန်သွင်းလိုက်ပုံ မပေါ်ပေမယ့်လည်း အဲ့ဒီကန်ချက်တွေကနေပဲ ဂိုးတွေအဖြစ် ပြောင်းလဲသွားတယ်။ သူက အရမ်းကွာခြားတယ်။ ဘယ်လိုရှင်းပြရမလဲတောင် မသိဘူး။ သူက တကယ်ကို ထူးခြားတယ်။ သူ့ကို ရထားတာ ကျွန်တော်တို့ အရမ်းကံကောင်းပါတယ်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူဟာ အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်လာမှာပါ။ သူရဲ့ တစ်ခုတည်းသော ပြသာနာ ကလည်း ဆံပင် မသန်တာပါပဲ။ ကျန်တာတော့ အဆင်ပြေပါတယ်။” လို့ မှတ်ချက်ပြုလိုက်ပါတယ်။
မန်စီးတီး အကယ်ဒမီထွက် ကြယ်ပွင့်ကစားသမား ပါလ်မာဟာ ပြီးခဲ့တဲ့ ရာသီကမှ မန်စီးတီးကနေ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက် ရာသီမှာပဲ မထင်မှတ်ထားလောက်အောင် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ရင်း အသင်းကို အကျိုးပြုနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းပိုက်ရယူခဲ့သလို PFA Young Player of the Award နဲ့ မကြာသေးခင်ကမှ ချီးမြှင့်ခဲ့တဲ့ အင်္ဂလန်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုတွေကိုပါ ပိုင်ဆိုင်ခဲ့တဲ့ ပါလ်မာဟာ ဒီရာသီထဲမှာလည်း ချယ်ဆီးအတွက် သွင်းဂိုး (၆)ဂိုး သွင်းယူပေးထားနိုင်ပါတယ်။