
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ချယ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက ပိုင်ဆိုင်သွားခဲ့ရပါတယ်။
နည်းပြ မာရက်စ်ကာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ် (၄)ပွဲအတွင်း (၃)ပွဲနိုင် (၁)ပွဲနဲ့သရေနဲ့ လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ချယ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမား ကိုးလ် ပါလ်မာက ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ကိုးလ် ပါလ်မာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ချယ်ဆီးအတွက် ပရီးမီးယားလိဂ် (၄)ပွဲ ပါဝင်ကစားခဲ့ရာ ဘရိုက်တန်နဲ့ပွဲမှာပဲ တစ်ဦးတည်း (၄)ဂိုးထိ သွင်းယူနိုင်ခဲ့သလို တစ်လတာလုံး စုစုပေါင်း (၅)ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၁)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ပါလ်မာဟာ ဒီတလောမှာပဲ အင်္ဂလန် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကိုလည်း ပူပူနွေးနွေး ရရှိထားတာပါ။