
နာပိုလီ ဒါရိုက်တာ မူရို မီလူဆိုက တိုက်စစ်မှုး ဗစ်တာ အိုဆီမန်ဟာ ဇန်နဝါရီလမှာ သင့်တော်တဲ့ဈေးနှုန်းနဲ့ အသင်းကို စွန့်ခွာနိုင်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
အိုဆီမန်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ နာပိုလီကနေ ထွက်ခွာချင်တဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး တစ်နွေလုံး အနာဂတ်နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ကောလာဟလတွေရှိခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်-အလီတို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ချဲလ်ဆီးက အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးအတွက် သဘောတူညီမှုရအောင် ညှိနှိုင်းဆွေးနွေးဖို့အတွက် တာဝန်ရှိသူတွေကိုတောင် နေပယ်စ်ကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီးမှာ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ပြီး အိုဆီမန်ဟာ ဂလာတာဆာရေးအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။
နာပိုလီတိုက်စစ်မှူးဟာ တူရကီမှာ ထိပ်တန်းခြေစွမ်းကို ဆက်လက် ပြသနေပြီး တူရကီစူပါလိဂ် ပထမဆုံး ၃ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အီတလီက သတင်းတွေအရ အိုဆီမန်ဟာ ဒီနွေရာသီမှာ အပြောင်းအရွှေ့ ထပ်မံပြုလုပ်နိုင်ခြေရှိနေပြီး နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် အလွန်စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အိုဆီမန်ရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၁၃၀ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူရို ၈၁ သန်းသာ ရှိတော့မှာဖြစ်တာကြောင့် ချဲလ်ဆီးအနေနဲ့ ခေါ်ယူနိုင်တဲ့ အခြေအနေ ရရှိလာမှာဖြစ်ပါတယ်။န
ာပိုလီအားကစားဒါရိုက်တာကလည်း နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ပထမအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိမနေချင်တော့တဲ့အကြောင်းနဲ့ ဇန်နဝါရီမှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို ကြည့်မယ်လို့ ပြောကြားခဲ့ပါတယ်။