ဘွန်ဒက်လီဂါ ထိပ်တန်း ကြယ်ပွင့်လေးကိုပါ စောင့်ကြည့်မှု လုပ်လာတဲ့ ချယ်ဆီး

ချယ်ဆီးဟာ နွေအတွက် တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့အတွက် လူသစ် ရှာဖွေနေမှုမှာ ဘွန်ဒက်လီဂါ လူငယ်ကြယ်ပွင့် တစ်ဦးကိုပါ ထည့်သွင်း စောင့်ကြည့်မှု ပြုလုပ်လာတယ်လို့ သိရပါတယ်။

ချယ်ဆီးဘက်က ထပ်မံ စိတ်ဝင်စားလာသူက လေဗာကူဆင်မှ လူငယ်ကစားသမား ဘိုင်လေဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်အားသန် ကစားသမားကို ဈေးကွက်ထဲ ခေါ်ယူနိုင်မယ့် အနေအထားကို လေ့လာနေပါတယ်။ နွေမှာ ပက်ဒရို၊ ဝီလီယမ်တို့ကို လက်လွတ်ရမယ့် ကိစ္စတွေကြောင့် ချယ်ဆီးဘက်က အစားထိုးစရာ ကစားသမားတွေကို ရှာဖွေလာတာပါ။

အေဂျက်တိုက်စစ်သမား ဇီယက်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီထားပေမယ့် ချယ်ဆီးရဲ့ ပစ်မှတ်တွေထဲမှာ တိုက်စစ်သမားနဲ့ တောင်ပံတိုက်စစ်သမား တစ်ဦးတို့ ပါဝင်နေဆဲပါ။ ဒေါ့မွန်က ဆန်ချိုကို ဦးစားပေးအဖြစ် သက်မှတ်ထားပေမယ့် အခြားသော စောင့်ကြည့်မှုတွေကိုလည်း အရန်သင့် အစားထိုးဖို့ လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။

ဘိုင်လေဟာ အလားအလာရှိတဲ့ တိုက်စစ်သမားဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာ ပုံမှန် ပွဲထွက်ခွင့်ကို ရုန်းနက်နေရသူဖြစ်တယ်။ လေဗာကူဆင်ကတော့ မနှစ်နွေက ဒေါ့မွန်ကို ရောင်းထုတ်ခဲ့တဲ့ ဘာရတ်တုန်းကလို မဟုတ်ပဲ နွေမှာ သူတို့ရဲ့ တိုက်စစ်သမားကို လက်လွတ်ရမယ်ဆိုရင် ဂျာမနီပြင်ပ ကလပ်အသင်းတွေကိုပဲ ရောင်းထုတ်ဖို့ပဲ စိတ်ဝင်စားနေတယ်လို့ သိရတယ်။

ဘိုင်လေကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ စပါး တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး ချယ်ဆီးဘက်က ဦးစားပေး မဟုတ်ပေမယ့် အလားအလာရှိတဲ့ ခေါ်ယူမှုအဖြစ် စောင့်ကြည့်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေႏြအတြက္ တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔အတြက္ လူသစ္ ရွာေဖြေနမႈမွာ ဘြန္ဒက္လီဂါ လူငယ္ၾကယ္ပြင့္ တစ္ဦးကိုပါ ထည့္သြင္း ေစာင့္ၾကည့္မႈ ျပဳလုပ္လာတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးဘက္က ထပ္မံ စိတ္ဝင္စားလာသူက ေလဗာကူဆင္မွ လူငယ္ကစားသမား ဘိုင္ေလျဖစ္ျပီး အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္အားသန္ ကစားသမားကို ေစ်းကြက္ထဲ ေခၚယူႏုိင္မယ့္ အေနအထားကို ေလ့လာေနပါတယ္။ ေႏြမွာ ပက္ဒရို၊ ဝီလီယမ္တို႔ကို လက္လြတ္ရမယ့္ ကိစၥေတြေၾကာင့္ ခ်ယ္ဆီးဘက္က အစားထိုးစရာ ကစားသမားေတြကို ရွာေဖြလာတာပါ။

ေအဂ်က္တိုက္စစ္သမား ဇီယက္ကို ေခၚယူႏုိင္ဖို႔ သေဘာတူညီထားေပမယ့္ ခ်ယ္ဆီးရဲ႕ ပစ္မွတ္ေတြထဲမွာ တိုက္စစ္သမားနဲ႔ ေတာင္ပံတိုက္စစ္သမား တစ္ဦးတို႔ ပါဝင္ေနဆဲပါ။ ေဒါ့မြန္က ဆန္ခ်ိဳကို ဦးစားေပးအျဖစ္ သက္မွတ္ထားေပမယ့္ အျခားေသာ ေစာင့္ၾကည့္မႈေတြကိုလည္း အရန္သင့္ အစားထိုးဖို႔ လုပ္ေဆာင္ေနဦးမွာ ျဖစ္ပါတယ္။

ဘိုင္ေလဟာ အလားအလာရွိတဲ့ တိုက္စစ္သမားျဖစ္ေပမယ့္ ဒီေနာက္ပိုင္းမွာ ပံုမွန္ ပြဲထြက္ခြင့္ကို ရုန္းနက္ေနရသူျဖစ္တယ္။ ေလဗာကူဆင္ကေတာ့ မႏွစ္ေႏြက ေဒါ့မြန္ကို ေရာင္းထုတ္ခဲ့တဲ့ ဘာရတ္တုန္းကလို မဟုတ္ပဲ ေႏြမွာ သူတို႔ရဲ႕ တိုက္စစ္သမားကို လက္လြတ္ရမယ္ဆိုရင္ ဂ်ာမနီျပင္ပ ကလပ္အသင္းေတြကိုပဲ ေရာင္းထုတ္ဖို႔ပဲ စိတ္ဝင္စားေနတယ္လို႔ သိရတယ္။

ဘိုင္ေလကို ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္၊ အာဆင္နယ္၊ စပါး တို႔ကလည္း စိတ္ဝင္စားေနတာျဖစ္ျပီး ခ်ယ္ဆီးဘက္က ဦးစားေပး မဟုတ္ေပမယ့္ အလားအလာရွိတဲ့ ေခၚယူမႈအျဖစ္ ေစာင့္ၾကည့္သြားဖို႔ ဆံုးျဖတ္ထားတယ္လို႔ သိရပါတယ္။