
ချဲလ်ဆီး ကွင်းလယ် တိုက်စစ်သမားလေး ကိုးလ်ပါလ်မာ ဟာ ၂၀၂၃-၂၄ ရာသီအတွက် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားပါတယ်။
ယင်းဆုကို ပရိသတ်မဲဖြင့် ရွေးချယ်လာတာ ဖြစ်ပြီး ချဲလ်ဆီး အလယ်တန်းတိုက်စစ်သမားဟာ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ဘူကာယို ဆာကာတို့အား ကျော်ဖြတ်ကာ ဆွတ်ခူးသွားခဲ့တာလည်း ဖြစ်ပါတယ်။
ပါလ်မာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဝင်ဘာလေကွင်းတွင် မော်လ်တာကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ အင်္ဂလန် အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးနှင့်အတူ ခြေစွမ်းပြကစားပြီးနောက် PFA တစ်နှစ်တာအကောင်းဆုံးလူငယ် ကစားသမားဆုကို ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာ ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက မန်စီးတီးမှ ပြောင်းလာပြီးနောက် ချဲလ်ဆီးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၅ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။
ကိုးလ်ပါလ်မာ က လာမယ့် ကြာသပတေးနေ့ ဂရိနှင့်ပွဲစဉ်နှင့် တနင်္ဂနွေနေ့ ဖင်လန်နှင့် ပွဲစဉ်တို့မှာ အင်္ဂလန်အတွက် ပါဝင်ကစားလာပါမယ်။