ကစားသမားတွေကြောင့် ချဲလ်ဆီးနှင့် နော်တင်ဟမ်ဖောရက်စ် စွဲချက်တင်ခံထားရပါပြီ

ချဲလ်ဆီးနှင့် နော်တင်ဟမ်ဖောရက်စ်တို့ဟာ တနင်္ဂနွေနေ့တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလာရပါတယ်။

တစ်ဂိုးစီသရေဖြင့် ပြီးဆုံးသွားတဲ့ ယင်းပွဲစဉ် ပြီးခါနီးအချိန်တွင် နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူးနီကိုလပ်စ်ဂျက်ဆင်မှာ ဖောရက်စ်ရဲ့ မိုရာတိုအား ပါးရိုက်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ချဲလ်ဆီး တိုက်စစ်မှုး နီကိုလပ်စ်ဂျက်ဆင်မှာ ယင်းလုပ်ရပ်အတွက် အရေးယူခြင်းခံလာရမှာ မဟုတ်ပါဘူး။

အထက်ပါရုန်းရင်းဆန်ခတ်မှုမှာ ဖောရက်စ်ရဲ့နီကိုနီလီယမ်က ချဲလ်ဆီးနောက်ခံလူမာ့ခ်ကူကူရယ်အား ကွင်းပြင်ပတွင် တွန်းရာမှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

နီကိုလပ်စ်ဂျက်ဆင်နှင့် မိုရာတိုရဲ့ ဖြစ်ရပ်ကို VAR ကလည်း စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

ယခုအခါ ကလပ်နှစ်ခုလုံးတို့ဟာ ကစားသမားများကို ထိန်းသိမ်းနိုင်ခြင်း မရှိမှုအတွက် စွဲချက်တင်ခြင်းခံလာရပြီ ဖြစ်ပြီး ကြာသပတေးနေ့ နောက်ဆုံးထားကာ တုံ့ပြန်ရပါမယ်။

ယင်းရုန်းရင်းဆန်ခတ်မှုတွင် ပါဝင်ခဲ့တဲ့ ဖောရက်စ်ရဲ့ ဝီလီယမ်၊ ချဲလ်ဆီးရဲ့ ကူကူရယ်လာနှင့် လီဗီကိုလ်ဝဲလ်တို့ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ယင်းပွဲတွင် ချဲလ်ဆီးကစားသမား ၆ ဦးအထိ အဝါကတ်ပြသခြင်းခံခဲ့ရပြီး စည်းကမ်းမလိုက်နာမှုအတွက် ယခုရာသီ ဒုတိယအကြိမ်မြောက်အဖြစ် ပေါင် ၅၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။