သွင်းဂိုးများ၊ ဂိုးတွေလည်း ပြန်ပေးမယ်ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ချယ်ဆီး – နော်တင်ဟမ် ဖောရက်စ် ပွဲကြို သုံးသပ်ခန့်မှန်း

ချယ်ဆီး အသင်းဟာ ဒီအပတ် နော်တင်ဟမ် ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်မှာ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ ဘရစ်ချ်ကွင်းမှာ ဧည့်ခံ ကစားမှာပါ။

ပွဲကတော့ တနင်္ဂနွေနေ့ ည မြန်မာစံတော်ချိန် ၇ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲက ချယ်ဆီးအတွက် အန္တရာယ်ကြီးတဲ့ ပွဲတစ်ပွဲပါ။ ဖောရက်စ်က ကောင်တာ တိုက်စ်စတွေမှာ ခြိမ်းခြောက်နိုင်ပြီး အန်ဖီးမှာတောင် လီဗာပူးကို အနိုင် ယူထားတာပါ။

” ချယ်ဆီးရဲ့ ခံစစ်က သက်တောင့်သက်သာ အခြေအနေမျိုးမှာ ရှိမနေပါဘူး။ သူတို့ကို ဖိအားပေးရင် ပွင့်ထွက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ဖောရက်စ်က ထိပ်ထိ လိုက်ဖိရင် သူတို့ခံစစ်ကလည်း ပေါက်ထွက်သွားနိုင်ပါတယ်။

ချယ်ဆီးတို့ ဘောလုံး ပြန်ဆယ်နိုင်ရင် ဖောရက်စ်တို့ ဒုက္ခ များပါပြီ။ ချယ်ဆီးက ဂိုးတွေ သွင်းမှာပါ ဒါပေမယ့် ဖောရက်စ်လည်း ဂိုးတွေ သွင်းမှာပါပဲ။ ဒီပွဲမှာ သွင်းဂိုးတွေ အများကြီး မြင်ရမှာဖြစ်ပါတယ်။

ချယ်ဆီးက ခံစစ်ပိုင်း မတည်ငြိမ်ရင်တောင် ယူနိုက်တက်လို မဆိုးရွားပါဘူး။ ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းဖြစ်မှာပါ။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး ၄-၂ နော်တင်ဟမ် ဖောရက်စ် ဖြစ်ပါတယ်။