အီတီဟက် စံချိန် မှတ်တမ်းကောင်း တစ်ခုနဲ့ အတူ ဖူလ်ဟမ်ကို ခက်ခက်ခဲခဲ အနိုင်ကန်ခဲ့ရတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ မနေ့ညက အီတီဟတ်မှာ ဖူလ်ဟမ်ကို အကြိတ်အနယ်ကစားပြီးမှ ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် နည်းပြဂွါဒီယိုလာဟာ မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

အဲဒီ မှတ်တမ်းကတော့ စီးတီးဟာ ပြိုင်ပွဲစုံ အိမ်ကွင်း ပွဲ ၅၀ ဆက်တိုက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်း တင်ခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီ၊ ဒီဘရိုင်းနားတို့ မပါနိုင်ချိန်မှာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ဖန်တီးပေးနိုင်မှုအပိုင်းတွေမှာ သိသိသာသာ အားနည်းခဲ့တဲ့အပြင် Expected Goal မှာ ဖူလ်ဟမ်(၂.၄)ကတောင် မန်စီးတီးထက်(၁.၆)ထက် ပိုအသာရခဲ့ပါတယ်။

စီးတီး အတွက် ဂိုးတွေကို ကိုဗာဆစ် ၂ ဂိုး၊ ဒိုကူ ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ ဖူလ်ဟမ်ရဲ့ ကျစ်လစ်တဲ့ ခံစစ်ကို ထိုးဖောက်ဖို့ မန်စီးတီးတို့ အခက်တွေ့နေခဲ့သလို အီဒါဆန် ကိုယ်တိုင်က ကာကွယ်မှုကောင်းတွေနဲ့ ကယ်တင်ပေးခဲ့ရပါတယ်။

အဖွင့်ဂိုးကို ရလိုက်တာက ဂျီမီနက်စ်ရဲ့ သိပ်ကောင်းတဲ့ နောက်ပေါက်ကတစ်ဆင့် ပါရဲရာ သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

ချေပဂိုးရဖို့ မန်စီးတီးတို့ ပြန်အားထုတ်လာပြီး နောက် ၁၀ မိနစ်လောက် အကြာမှာ ကိုဗာဆစ်က အနီးကပ် ပိတ်သွင်းကာ ပြန်သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ကိုဗာဆစ်ကပဲ မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ကာ အခြေအနေကောင်းထံ တွန်းပို့ခဲ့ပါတယ်။ ကိုဗာဆစ်ဟာ ရိုဒရီလောက် မကောင်းပေမယ့် အကောင်းဆုံး ဖြည့်ကစားပေးခဲ့ပါတယ်။

၃-၁ အနေအထားနဲ့ စီးတီးတို့ ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ ဒိုကူထံက သိပ်ကိုကောင်းတဲ့ ကန်ချက်ကို မြင်ခဲ့ရကာ လှလှပပ သွင်းဂိုးတစ်ဂိုး ရခဲ့ပါတယ်။ ဒါပေမယ့် ကြာကြာ မပျော်ရဘဲ ဖူလ်ဟမ်ဘက်က ဒုတိယ ချေပဂိုး ယူခဲ့ပြန်ပါတယ်။

အဲဒီနောက်မှာတော့ ၃-၂ ရလဒ် အတိုင်း ပွဲပြီးသည်ထိ ဆက် ထိန်းကစားနိုင်ခဲ့တာကြောင့် စီးတီးတို့ အနိုင် ၃ မှတ်ပြည့် ရယူနိုင်ခဲ့တာပါ။