သီးခြားနေဖို့ ပြောထားတာ မလိုက်နာတဲ့ မေဆန်မောင့်ကို ချယ်ဆီး အမျက်ထွက်နေ

ချယ်ဆီးနဲ့ အင်္ဂလန် လူငယ်ကစားသမား မေဆန်မောင့်ဟာ သီးခြား ခွဲနေထိုင်ဖို့ ကလပ်အသင်းက ညွှန်ကြားထားတဲ့ ကြားကနေ အပြင်ထွက်ပြီး ဒီကလန်ရိုက်စ်နဲ့ လေ့ကျင့်နေတဲ့အတွက် အသင်း တာဝန်ရှိသူတွေက အမျက်ထွက်နေကြပါတယ်။

မောင့်ရဲ့ ချယ်ဆီးအသင်းဖော် အိုဒွိုင်းက ကိုရိုနာ ကူးစက်ခံနေရတာကြောင့် အစိုးရ ညွှန်ကြားချက်တွေ အတိုင်း အသင်းသားတွေ အကုန်လုံးကို အိမ်မှာနေပြီး သီးခြား ခွဲနေထိုင် စောင့်ကြည့်မှုတွေ လုပ်ဖို့ ချယဆီးအသင်းက ညွှန်ကြားထားခဲ့ပါတယ်။ ဒါပေမယ့် မေဆန်မောင့်ကတော့ စတန်းဖို့ဘရစ်ချ်က အကြီးအကဲတွေကို လျစ်လျူရှုကာ အပြင်ထွက်ခဲ့တာကြောင့် အပြစ်ပေးခံရဖွယ် ရှိနေပါတယ်။

ချယ်ဆီးအသင်းရဲ့ အပြစ်ပေးမှုကို မောင့် ခံယူရဖွယ် အပြင် စည်းကမ်းတင်းကြပ်တဲ့ နည်းပြ လမ်းပတ်ကလည်း သူ့ အနေအထားကနေ အရေးယူမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

ဒီကလန်ရိုက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းကတော့ လုံး၀ တင်းကြပ်စွာ စောင့်ကြည့်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါပေမယ့် မေဆန်မောင့် အခြေအနေက မသေချာသေးဘူး ဆိုရမှာပါ။ အင်္ဂလန်သား နှစ်ဦးဟာ အများသွားလာကြတဲ့ Trent Valley မှာ သွားရောက် လေ့ကျင့် အတူ ကစားခဲ့ကြတာပါ။

၎င်းတို့ နှစ်ဦးကို မြင်ခဲ့ကြတဲ့ မြို့ခံတွေကလည်း အံ့အားသင့်နေကြပြီး သတင်းဌာနတွေကို အကြောင်းကြားခဲ့တယ် သိရပါတယ်။

” ကျနော်တို့ နည်းနည်း ထူးခြားတဲ့ ကားတစ်စီး ဝင်လာတာတွေ့ရပြီး နောက်ထပ် တစ်စီးပါ ဆက်လျက် ဝင်လာတာ တွေ့ခဲ့တယ်။ အထဲမှာ လူ သုံးလေးယောက်လောက် ပါပါတယ်။ ကျနော့် သားက ကားမောင်းလာတာ မေဆန်မောင့်ဆိုတာ သတိပြုမိခဲ့တယ်။ အဲဒီနောက် သူတို့ ၅ ယောက်၊ ၆ ယောက်လောက် တဖက်စီနဲ့ ကစားခဲ့ကြတယ်။ ဒီကလန်ရိုက်စ်လည်း ပါတယ်။

သူတို့က လည်စည်းပဝါ ခပ်ကြီးကြီး ပတ်ထားခဲ့တယ် လူတွေ သတိမထားမိအောင်ပေါ့။ ကျနော်လည်း ကားဆီအေးဆေးပြန်လာခဲ့တာပါ နောက်ပြီးမှ တွေးမိတယ် နေဦး အိုဒွိုင်းက ကိုရိုနာ ကူးစက်ခံထားရတာလေ။ သူတို့ကြည့်ရတာ ဒါကို အလေးအနက် မထားကြတဲ့ ပုံပါ။ ကျနော်သာ ကလပ်အသင်းက လူဆို သူတို့ အပြုအမူကို လုံး၀ လက်ခံနိုင်မှာ မဟုတ်ဘူး။ ” လို့ မျက်မြင် ဒေသခံ တစ်ဦးက ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနဲ႕ အဂၤလန္ လူငယ္ကစားသမား ေမဆန္ေမာင့္ဟာ သီးျခား ခြဲေနထိုင္ဖို႔ ကလပ္အသင္းက ညႊန္ၾကားထားတဲ့ ၾကားကေန အျပင္ထြက္ျပီး ဒီကလန္ရိုက္စ္နဲ႕ ေလ့က်င့္ေနတဲ့အတြက္ အသင္း တာ၀န္ရွိသူေတြက အမ်က္ထြက္ေနၾကပါတယ္။

ေမာင့္ရဲ႕ ခ်ယ္ဆီးအသင္းေဖာ္ အိုဒြိဳင္းက ကိုရိုနာ ကူးစက္ခံေနရတာေၾကာင့္ အစိုးရ ညႊန္ၾကားခ်က္ေတြ အတိုင္း အသင္းသားေတြ အကုန္လံုးကို အိမ္မွာေနျပီး သီးျခား ခြဲေနထိုင္ ေစာင့္ၾကည့္မႈေတြ လုပ္ဖို႔ ခ်ယဆီးအသင္းက ညႊန္ၾကားထားခဲ့ပါတယ္။ ဒါေပမယ့္ ေမဆန္ေမာင့္ကေတာ့ စတန္းဖို႔ဘရစ္ခ်္က အၾကီးအကဲေတြကို လ်စ္လ်ဴရွဳကာ အျပင္ထြက္ခဲ့တာေၾကာင့္ အျပစ္ေပးခံရဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အျပစ္ေပးမႈကို ေမာင့္ ခံယူရဖြယ္ အျပင္ စည္းကမ္းတင္းၾကပ္တဲ့ နည္းျပ လမ္းပတ္ကလည္း သူ႔ အေနအထားကေန အေရးယူမႈေတြ ျပဳလုပ္ဖို႔ ရွိေနပါတယ္။

ဒီကလန္ရိုက္စ္ရဲ႕ ၀က္စ္ဟမ္းအသင္းကေတာ့ လံုး၀ တင္းၾကပ္စြာ ေစာင့္ၾကည့္တဲ့ အေနအထား မရွိေသးပါဘူး။ ဒါေပမယ့္ ေမဆန္ေမာင့္ အေျခအေနက မေသခ်ာေသးဘူး ဆိုရမွာပါ။ အဂၤလန္သား နွစ္ဦးဟာ အမ်ားသြားလာၾကတဲ့ Trent Valley မွာ သြားေရာက္ ေလ့က်င့္ အတူ ကစားခဲ့ၾကတာပါ။

၄င္းတို႔ နွစ္ဦးကို ျမင္ခဲ့ၾကတဲ့ ျမိဳ႔ခံေတြကလည္း အံ့အားသင့္ေနၾကျပီး သတင္းဌာနေတြကို အေၾကာင္းၾကားခဲ့တယ္ သိရပါတယ္။

” က်ေနာ္တို႔ နည္းနည္း ထူးျခားတဲ့ ကားတစ္စီး ၀င္လာတာေတြ႔ရျပီး ေနာက္ထပ္ တစ္စီးပါ ဆက္လ်က္ ၀င္လာတာ ေတြ႔ခဲ့တယ္။ အထဲမွာ လူ သံုးေလးေယာက္ေလာက္ ပါပါတယ္။ က်ေနာ့္ သားက ကားေမာင္းလာတာ ေမဆန္ေမာင့္ဆိုတာ သတိျပဳမိခဲ့တယ္။ အဲဒီေနာက္ သူတို႔ ၅ ေယာက္၊ ၆ ေယာက္ေလာက္ တဖက္စီနဲ႕ ကစားခဲ့ၾကတယ္။ ဒီကလန္ရိုက္စ္လည္း ပါတယ္။

သူတို႕က လည္စည္းပ၀ါ ခပ္ၾကီးၾကီး ပတ္ထားခဲ့တယ္ လူေတြ သတိမထားမိေအာင္ေပါ့။ က်ေနာ္လည္း ကားဆီေအးေဆးျပန္လာခဲ့တာပါ ေနာက္ျပီးမွ ေတြးမိတယ္ ေနဦး အိုဒြိဳင္းက ကိုရိုနာ ကူးစက္ခံထားရတာေလ။ သူတို႔ၾကည့္ရတာ ဒါကို အေလးအနက္ မထားၾကတဲ့ ပံုပါ။ က်ေနာ္သာ ကလပ္အသင္းက လူဆို သူတို႔ အျပဳအမူကို လံုး၀ လက္ခံနုိင္မွာ မဟုတ္ဘူး။ ” လို႔ မ်က္ျမင္ ေဒသခံ တစ္ဦးက ေျပာဆိုခဲ့ပါတယ္။