စီးတီး အခက်တွေ့နိုင်တယ် ဆိုတဲ့ ဒီည ဖူလ်ဟမ်နဲ့ ပွဲကြို ပေါမာဆန်ကြီး ကြိုတင် သုံးသပ်ချက် ထုတ်

မန်စီးတီးအသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ တွေ့ဆုံနေပါတယ်။ ပွဲကတော့ ဒီ စနေနေ့ည ၈ နာရီခွဲ အချိန် အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က စီးတီးနဲ့ ဖူလ်ဟမ် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဖူလ်ဟမ်က အဆင်ပြေပြေ လုပ်ဆောင်နိုင်နေပါတယ်။ ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေကို စိန်ခေါ်ဖို့ ကြိုးစားနေပါတယ်။ စမစ်ရိုးနဲ့ နယ်ဆန်တို့ကို ခေါ်ယူလိုက်တာလည်း မှန်ကန်ပြီး ဒီကစားသမားတွေက ခြေစွမ်းပြနေတယ်။

ရိုဒရီ မပါနိုင်ခြင်းဟာ မန်စီးတီးအပေါ် ဘယ်လောက်ထိ သက်ရောက်မှု ကြီးမားမလဲ ကျနော်တို့ ပြောခဲ့တယ်။ သူက ကမ္ဘာပေါ်က ဘယ်အသင်းမှာ မဆို ပါဝင် ကစားနိုင်မယ့် တစ်ဦးတည်းသော ကစားသမားပါ။

စီးတီးအတွက် ဂရီလစ် ပွဲထွက်ခွင့်ရမယ် ထင်ပါတယ်။ သူက သူ့နေရာမှာ ကစားတဲ့ သူတွေထက် အများကြီး ပိုကြိုးစားတဲ့သူပါ။ ကျနော်က ဒိုကူကို သဘောမကျပါဘူး၊ ဖူလ်ဟမ်ပွဲမှာ ဂရီလစ်ကို သုံးတာကို ပိုမြင်ချင်ပါတယ်။

စီးတီးအတွက် ခက်ခဲနိုင်ပါတယ်။ ဖူလ်ဟမ်က တိုက်စစ် ခံစစ် အကူအပြောင်းမှာ ပြဿနာတွေ ပေးနိုင်မယ့် အသင်းပါ။ ဒါပေမယ့် မန်စီးတီးပဲ နိုင်သွားမှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီး ၂-ဝ ဖူလ်ဟမ် ဖြစ်ပါတယ်။