ချယ်ဆီး ဂန္တဝင်နှစ်ဦးနဲ့ ယှဉ်ချင်ရင် ဖလားတော့ ရအောင် ယူလိုက်ဦးလို့ အာဆင်နယ် ကို ရှယ်ဖဲ့လိုက်တဲ့ လမ်းပတ်

အာဆင်နယ် အသင်းရဲ့ ဗဟိုခံစ်က ဆလီဘာ-ဂါဘရီရယ် အတွဲကို ချယ်ဆီး ဂန္တဝင် ခံစစ်အတွဲ ဖြစ်တဲ့ တယ်ရီ-ကာဗယ်ဟို တို့နဲ့ မနှိုင်းသင့်သေးကြောင်း ဖရန့်လမ်းပတ် ကတော့ တည့်ပဲ ပြောလိုက်ပါတယ်။

ဒီဗဟိုခံစစ် အတွဲတွေကို ယှဉ်ပြောချင်ရင် အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ဖလား တစ်လုံးလောက်တော့ အရင် ယူဦးလို့ပါ လမ်းပတ်က ရှယ်ဖဲ့သွားခဲ့ပါတယ်။

‘ တယ်ရီ-ကာဗယ်ဟို အတွဲနဲ့ နှိုင်းဖို့? မရသေးပါဘူး။ လိုပါသေးတယ်။ သူတို့ (ဆလီဘာ-ဂါဘရီရယ်) ပရီးမီးယားလိဂ် ဖလား ၃လုံးနဲ့ ချန်ပီယံလိဂ် ဖလား တလုံးလောက် ယူပြနိုင်ရင်တော့ ခင်ဗျား ဒီ၂တွဲကို နှိုင်းယှဉ်လို့ ရကောင်းရနိုင်ပါတယ်။

နားထောင်၊ ကျွန်တော် သူတို့ရဲ့ ဂုဏ်ပုဒ်ကို နှိမ့်ချနေတာ မဟုတ်ပါဘူး။ သူတို့ဟာ အံ့ဩဖွယ်ကောင်းပြီး၊ ငယ်ရွယ်တဲ့ ခံစစ်မှူးတွေပါ။ သူတို့ဟာ အချိန်တိုင်းမှာ တိုးတက်နေပါတယ်။

ဒါမျိုး နှိုင်းယှဉ်ဖို့ မမျှတသေးပါဘူး။ ဘာလို့လဲဆိုတော့ အောင်မြင်မှုတွေ ရဖို့ သူတို့ လိုနေသေးလို့ပါ။ လက်ရှိတော့ ဒီနှိုင်းယှဉ်မှုတွေက မဖြစ်နိုင်သေးပါဘူး။

သူတို့ လက်ရှိ လုပ်ပြနေတဲ့အရာတွေက ကြီးကျယ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှု တခုခု ရအောင် အရင် လုပ်လိုက်ပါဦး ချာတိတ်တွေရေ။ ဒါဆို မင်းတို့ကို ဒီနှိုင်းယှဉ်မှု စကားဝိုင်းထဲမှာ အပြည့်အဝ ထည့်ပေးနိုင်မယ်။ ‘ လို့ ဖရန့် လမ်းပတ် Amazon Prime Sport နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။