ချဲလ်ဆီးအသင်းရဲ့ ရိုးရာတစ်ခုက ထင်တာထက် ပိုခိုင်မာနေလို့ ဖြုံသွားတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီးအသင်းရဲ့နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ဂရေဟမ် ပေါ်တာက လန်ဒန်ကလပ်မှာ အစဉ်အလာ ရိုးရာလို ဖြစ်နေတဲ့ နည်းပြ မကြာခဏပြောင်းတဲ့ ကိစ္စ ဟာ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်သစ်တွေ ရောက်လာရင် ပြောင်းလဲမယ် ထင်ခဲ့မိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဒါပေမယ့် ထင်ထားသလို မဟုတ်ဘဲ နည်းပြ အပြောင်းအလဲ ကြမ်းတဲ့ ချယ်ဆီး ရိုးရာက ထင်တာထက် အမြစ်တွယ်နေပြီး ဖြုံလောက်စရာ ဖြစ်တယ် ဆိုတာ ပေါ်တာက န်ခံလာပါတယ်။

‘ နည်းပြတွေ မကြာခဏ ပြောင်းလဲပြီး ချဲလ်ဆီးက ဒါကို ဓလေ့ထုံးစံ တစ်ခုလို ဖြစ်လာတယ်။ အဲဒါကပဲ အချိန်အတိုင်းအတာ တခု ကြာတဲ့အထိ အောင်မြင်မှုတွေ ယူဆောင်ပေးတာကြောင့် ကျွန်တော် ဒါကို လေးစားပါတယ်။

ကျွန်တော် လုပ်ခဲ့မိတဲ့ အမှားတခုက ဒီပိုင်ရှင်သစ်တွေ လက်အောက်မှာ ဒီဓလေ့က ပြောင်းလဲသွားလောက်မှာပါလို့ ထင်ခဲ့တာပါပဲ။ ဒါပေမယ့် ဒီဓလေ့ဟာ ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်းပါတယ်။

ပိုင်ရှင်တွေနဲ့ စကားပြောကြည့်ပြီးတော့ သူတို့ဟာ အရမ်း ရည်မှန်းချက် ပြင်းပြတယ် ဆိုတာ သိလိုက်ရပါတယ်။ သူတို့ဟာ ဆုဖလားတွေကို စိန်ခေါ်လိုပြီး၊ လူငယ် ကစားသမားတွေကို အသုံးပြုလိုကြပါတယ်။

ကျွန်တော်တို့ တချို့ အရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ တမဟုတ်ချင်းမှာပဲ ပြိုင်ဆိုင်ဖို့ ကြိုးစားရင်း၊ ညှိနှိုင်းမှု အနည်းငယ် လုပ်ဖို့ လိုအပ်လာခဲ့ပြီး၊ အသင်းက အနည်းငယ် မငြိမ်မသက် ဖြစ်လာပါတယ်။

ကစားသမားတိုင်းကို ကစားခွင့် မိနစ်တွေ ပေးဖို့က မဖြစ်နိုင်ပါဘူး။ ဒီတည်ငြိမ်မှုကို ရှာဖွေဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ ခင်ဗျားဟာ လေ့လာရင်း ဘဝကို ဖြတ်သန်းရပါတယ်။

ဒါက ချဲလ်ဆီး သမိုင်းကြောင်းမှာ အရမ်း လှုပ်ခတ်မှု ရှိခဲ့တဲ့ ကာလ တခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒီထက် ပိုကောင်းအောင် စွမ်းဆောင်ခဲ့သင့်ပါတယ်။ ‘ လို့ ဂရေဟမ် ပေါ်တာ က စကိုင်းစပေါ့မှာ ပြောဆိုခဲ့ပါတယ်။