တပြားမှ မကုန်ဘဲ ရလိုက်ပြီး ချဲလ်ဆီးအတွက် ထူးရှယ် အစွမ်းပြနေတဲ့ ကစားသမားကို နည်းပြ အန်ဇို အားရနေ

ချဲလ်ဆီး အသင်းထံ ဖူလ်ဟမ်ကနေ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် ပြောင်းရွှေ့လာခဲ့တဲ့ ခံစစ်မှူး တိုစင် အဒါရာဘီယိုယို ကတော့ အားရစရာ ခြေစွမ်းပြနေပါတယ်။

အဒါရာဘီယိုယိုဟာ ပြီးခဲ့တဲ့ အပတ်က ကစားသွားတဲ့ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီး အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် စတင် ရရှိခဲ့ပြီး ၊ Clean Sheet စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

တည်ငြိမ်မှု ရှိတဲ့ ဗဟိုခံစစ် အတွဲ တခု ရှာဖွေနေတဲ့ နည်းပြ အန်ဇို မာရက်စ်ကာ အနေနဲ့ လတ်တလော ခြေစွမ်းပြနေတဲ့ အဒါရာဘီယိုယိုကို ပွဲထွက် ခံစစ်မှူး အနေနဲ့ ဆက်လက် အသုံးပြုဖို့ များနေပါတယ်။

နည်းပြ မာရက်စ်ကာ က အဒါရာဘီယိုယိုနဲ့ ပတ်သက်ပြီး ” တိုစင်ဟာ စီးတီးမှာကတည်းက ကျွန်တော် သိလာတဲ့ ကစားသမား တယောက်ပါ။ အရမ်း အထင်ကြီးမိပါတယ်။ အထူးသဖြင့် သူ့ရဲ့ ကွင်းတွင်းကွင်းပြင် ပြုမူနေထိုင်ပုံကို ကျွန်တော် အရမ်း ကျေနပ်အားရမိတယ်။

သူဟာ အဝတ်လဲခန်းထဲမှာ အသင်းခေါင်းဆောင် တဦး ဖြစ်နေပါပြီ ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်း ဝမ်းမြောက်ရပါတယ် ။ ” လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။