ချယ်ဆီး ခံစစ်မှူးကို ထပ်ကမ်းလှမ်းဖို့ ခြေလှမ်းပြင်လာတဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းဟာ ၎င်းတို့ တစ်ကြိမ် ကမ်းလှမ်းခဲ့ဖူးတဲ့ ချယ်ဆီး ဘယ်စွန် ခံစစ်မှူး အီမာဆန်ကို ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အီမာဆန်က ချယ်ဆီးအသင်းမှာ ပွဲကစားခွင့် ပျောက်ဆုံးနေသူပါ။

အီမာဆန်က ချယ်ဆီးအသင်းထံ ၂၀၁၈ မှာ ရိုးမားအသင်းကနေ ရောက်ရှိလာသူပါ။ ဒီရာသီမှာတော့ ဘယ်စွန်ခံစစ်မှာ အလွန်ဆိုနဲ့ ကွီတာ တို့သာ ဦးစားပေး ကစားခွင့် ရနေတာကြောင့် ပို ပွဲကစားခွင့် ရမယ့် အသင်းတစ်သင်းထံ အီမာဆန်က ပြောင်းရွှေ့လိုခဲ့ပါတယ်။

လက်ရှိ ဘောလုံးရာီအစမှာ အီမာဆန်က ပွဲကစားခွင့် ရခဲ့ပေမယ့် ဆောင်းရာသီမှာ ပွဲထွက် ပျောက်ဆုံးလာပြီး ရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်က အီမာဆန်နဲ့ အလွန်ဆို နှစ်ဦးလုံးကို မျက်စိကျနေခဲ့တာပါ။ အီမာဆန်ကိုတော့ အရင် ကမ်းလှမ်းဖူးပြီး ချယ်ဆီးဘက်က ပယ်ချခဲ့ပါတယ်။ လာမယ့်နွေမှာတော့ ဂျူဗင်တပ်က ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေ ပေါင် ၂၅ သန်းထိ ပေးဖို့ ရည်ရွယ်နေပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကလည်း လာမယ့် နွေ အပြောင်းအရွှေ့မှာ ကစားသမား အပြောင်းအလဲ များစွာ ပြုလုပ်ဖို့ ရည်ရွယ်ထားပြီး အီမာဆန် တင် မဟုတ်ဘဲ အလွန်ဆို အတွက် ပါ သင့်တင့်တဲ့ ဈေး ရရင် ရောင်းချဖွယ် ရှိနေပါတယ်။ ချယ်ဆီးအသင်းက ဂီတာဖေးမှာ အငှား ကစားနေတဲ့ ဘာစီလိုနာ ခံစစ်မှူး မက်ကူ ကူရယ်လာကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Zawgyi – ဂ်ဴဗင္တပ္အသင္းဟာ ၄င္းတို႔ တစ္ၾကိမ္ ကမ္းလွမ္းခဲ့ဖူးတဲ့ ခ်ယ္ဆီး ဘယ္စြန္ ခံစစ္မွဴး အီမာဆန္ကို ထပ္မံ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။ အီမာဆန္က ခ်ယ္ဆီးအသင္းမွာ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနသူပါ။

အီမာဆန္က ခ်ယ္ဆီးအသင္းထံ ၂၀၁၈ မွာ ရိုးမားအသင္းကေန ေရာက္ရွိလာသူပါ။ ဒီရာသီမွာေတာ့ ဘယ္စြန္ခံစစ္မွာ အလြန္ဆိုနဲ႕ ကြီတာ တို႔သာ ဦးစားေပး ကစားခြင့္ ရေနတာေၾကာင့္ ပို ပြဲကစားခြင့္ ရမယ့္ အသင္းတစ္သင္းထံ အီမာဆန္က ေျပာင္းေရႊ႕လိုခဲ့ပါတယ္။ လက္ရွိ ေဘာလံုးရာီအစမွာ အီမာဆန္က ပြဲကစားခြင့္ ရခဲ့ေပမယ့္ ေဆာင္းရာသီမွာ ပြဲထြက္ ေပ်ာက္ဆံုးလာျပီး ရုန္းကန္ခဲ့ရပါတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီ အေျပာင္းအေရႊ႕ကာလမွာ ဂ်ဴဗင္တပ္က အီမာဆန္နဲ႕ အလြန္ဆို နွစ္ဦးလံုးကို မ်က္စိက်ေနခဲ့တာပါ။ အီမာဆန္ကိုေတာ့ အရင္ ကမ္းလွမး္ဖူးျပီး ခ်ယ္ဆီးဘက္က ပယ္ခ်ခဲ့ပါတယ္။ လာမယ့္ေႏြမွာေတာ့ ဂ်ဴဗင္တပ္က ထပ္မံ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနျပီး ေျပာင္းေရႊ႕ေၾက ေပါင္ ၂၅ သန္းထိ ေပးဖို႔ ရည္ရြယ္ေနပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကလည္း လာမယ့္ ေႏြ အေျပာင္းအေရႊ႕မွာ ကစားသမား အေျပာင္းအလဲ မ်ားစြာ ျပဳလုပ္ဖို႔ ရည္ရြယ္ထားျပီး အီမာဆန္ တင္ မဟုတ္ဘဲ အလြန္ဆို အတြက္ ပါ သင့္တင့္တဲ့ ေစ်း ရရင္ ေရာင္းခ်ဖြယ္ ရွိေနပါတယ္။ ခ်ယ္ဆီးအသင္းက ဂီတာေဖးမွာ အငွား ကစားေနတဲ့ ဘာစီလိုနာ ခံစစ္မွဴး မက္ကူ ကူရယ္လာကို ေခၚယူဖို႔ စီစဥ္ေနပါတယ္။