ပရီးမီးယားလိဂ် မှာ မရှိဖူးတဲ့ ထူးရှယ် အံ့ဖွယ် စံချိန်မှတ်တမ်းသစ် တခု ရေးထိုးခဲ့တဲ့ ကိုးလ်ပါလ်မာ

တိုက်စစ်သမားလေး ကိုးလ်ပါလ်မာဟာ ချဲလ်ဆီးက ဘရိုက်တန်ကို ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပထမပိုင်းအတွင်းမှာပင် ၄ ဂိုး သွင်းယူပြီး ပရီးမီးယားလိဂ်စံချိန်သစ် ရေးထိုးလာပါတယ်။

အသက် ၂၂ နှစ်ရှိ ချဲလ်ဆီးစူပါစတားဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားတဲ့ ပထမပိုင်းမှာ ၂၁ မိနစ်၊ ၂၈ မိနစ်၊ ၃၁ မိနစ်နှင့် ၄၁ မိနစ်တို့မှာ ဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ဘရိုက်တန်နှင့်ပွဲစဉ်မှ သွင်းဂိုး ၄ ဂိုးကြောင့် ပထမပိုင်းမှာပင် ၄ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကစားသမားအဖြစ် သမိုင်းဝင်လာပါတယ်။

ကိုးလ်ပါလ်မာဟာ ဘရိုက်တန်နှင့်ပွဲမှာ တစ်ဂိုး ခွင့်ပြုခြင်း မခံခဲ့ရတဲ့အပြင် တစ်ဂိုးတိုင်ထိသွားမှုကြောင့် နစ်နာခဲ့ရကြားမှ ၄ ဂိုးအထိ ဂိုးသွင်းခဲ့တာပါ။

ကိုးလ်ပါလ်မာဟာ ဘရိုက်တန်နှင့်ပွဲစဉ်မှ သွင်းဂိုး ၄ ဂိုးကြောင့် ပရီးမီးယားလိဂ်သမိုင်းတွင် ပထမပိုင်းမှာ ၄ ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် မှတ်တိုင်စိုက်ခဲ့သလို အခြားစံချိန်သစ်များလည်း ရေးထိုးခဲ့ပါသေးတယ်။

သူဟာ ၉ မိနစ်နှင့် ၄၈ စက္ကန့်တွင်ပင် ဟက်ထရစ်သွင်းယူကာ ချဲလ်ဆီးသမိုင်းတွင် ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံးဟက်ထရစ်သွင်းဂိုးစံချိန်၊ ၁၉ မိနစ်၊ ၅၇ စက္ကန့်ဖြင့် ပရီးမီးယားလိဂ်တွင် အမြန်ဆုံး ၄ ဂိုးသွင်းမှုစံချိန်တို့လည်း ရေးထိုးနိုင်ခဲ့ပါတယ်။

ကိုးလ်ပါလ်မာဟာ ၂၀၂၃-၂၄ ရာသီတွင် ချဲလ်ဆီးသို့ ပြောင်းပြီးနောက် ယင်းကာလအတွင်းတွင် ပရီးမီးယားလိဂ်တွင် ဂိုးရရှိရာမှာပါဝင်မှုအများဆုံး (ဂိုးနှင့် ဖန်တီးမှု) ၄၃ ကြိမ်(၂၈ ဂိုး/၁၅ ကြိမ်ဖန်တီး)ဖြင့် ရပ်တည်နေပါတယ်။