ဘာစီလိုနာ ကြယ်ပွင့်ကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှာနေတဲ့ ချယ်ဆီး

ချယ်ဆီး အသင်းက ဒီရာသီ ဘာစီလိုနာကနေ ဂီတာဖေးအသင်းကို အငှားထွက်ကစားနေတဲ့ လူငယ်ကြယ်ပွင့်လေး ကူကာရယ်လာကို ခေါ်ယူလိုနေပါကြောင်း Goal သတင်းက ဖော်ပြလာပါတယ်။

အသက် ၂၁ နှစ်ရှိ မာ့ခ်ကူကာရယ်လာဟာ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြနေပြီး ရာသီ အကုန်မှာ ဂီတာဖေးအသင်းက ယူရို ၁၆ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကူကာရယ်လာရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်းပဲ ရှိတာကြောင့် ပရီးမီးယားလိဂ် ချယ်ဆီးအသင်းက ခေါ်ယူလိုနေတာဖြစ်ပါတယ်။

သူ့ကို ခေါ်ယူဖို့အတွက် ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘက်နဲ့ လီဗာကူဆင်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ သူဟာ ဘယ်နောက်ခံလူတဦးဖြစ်ပြီး ဘယ်တောင်ပံအထိတက်ကာ ဂိုးဖန်တီးစွမ်းလည်းရှိသူဖြစ်တယ်။ ကူကာရယ်လာဟာ ဘာစီလိုနာအသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ လန်ဒန် အခြေစိုက် ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ကလည်း ကစားသမားကို စောင့်ကြည့်မှု ရှိနေပမေယ့် ချယ်ဆီးကတော့ ကင်းထောက်တွေကိုပါ စေလွှတ်ထားခဲ့တာပါ။ လာမယ့်ရာသီအတွက် မန်နေဂျာ လမ်းပတ်ဟာ ဘယ်အစွန်နေရာကို အင်အားဖြည့်လိုနေတာဖြစ်တယ်။

ချယ်ဆီးဟာ အလွန်ဆိုနဲ့ အီမာဆန်တို့ကို နွေမှာ ရောင်းထုတ်ဖို့ ကြိုးစားမှာဖြစ်ပြီး လက်စတာအသင်းမှ ဘယ်အစွန်လူ ဘမ်ချီဝဲလ်ကိုလည်း စိတ်ဝင်စားထားပါတယ်။ ဒါပေမယ့်လို့ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်မယ့် အနေအထားမှာ ဘယ်အစွန်လူတစ်ဦးအတွက် ပေါင် သန်း ၆၀-၇၀ လောက်ထိ အသုံးပြုဖို့တော့ မရှိပါဘူး။

ချယ်ဆီးဟာ အရည်အချင်းရှိ လူငယ် ဘယ်အစွန်လူတွေကို ရှာဖွေမှုတွေ လုပ်နေပြီး ကူကာရယ်လာက ထိပ်တန်းပစ်မှတ်တွေထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီး အသင္းက ဒီရာသီ ဘာစီလိုနာကေန ဂီတာေဖးအသင္းကို အငွားထြက္ကစားေနတဲ့ လူငယ္ၾကယ္ပြင့္ေလး ကူကာရယ္လာကို ေခၚယူလိုေနပါေၾကာင္း Goal သတင္းက ေဖာ္ျပလာပါတယ္။

အသက္ ၂၁ ႏွစ္ရွိ မာ့ခ္ကူကာရယ္လာဟာ ဂီတာေဖးအသင္းမွာ ေျခစြမ္းျပေနၿပီး ရာသီ အကုန္မွာ ဂီတာေဖးအသင္းက ယူရို ၁၆ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကူကာရယ္လာရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးဟာ ယူရို သန္းပဲ ရွိတာေၾကာင့္ ပရီးမီးယားလိဂ္ ခ်ယ္ဆီးအသင္းက ေခၚယူလိုေနတာျဖစ္ပါတယ္။

သူ႔ကို ေခၚယူဖို႔အတြက္ ဘြန္ဒက္စ္လီဂါကလပ္ မိုခ်န္ဂလာဘက္နဲ႔ လီဗာကူဆင္တို႔ကလည္း စိတ္ဝင္စားေနပါတယ္။ သူဟာ ဘယ္ေနာက္ခံလူတဦးျဖစ္ၿပီး ဘယ္ေတာင္ပံအထိတက္ကာ ဂိုးဖန္တီးစြမ္းလည္းရွိသူျဖစ္တယ္။ ကူကာရယ္လာဟာ ဘာစီလိုနာအသင္းကေန အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ကစားေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ လန္ဒန္ အေျခစိုက္ ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ စပါးတို႔ကလည္း ကစားသမားကို ေစာင့္ၾကည့္မႈ ရွိေနပေမယ့္ ခ်ယ္ဆီးကေတာ့ ကင္းေထာက္ေတြကိုပါ ေစလႊတ္ထားခဲ့တာပါ။ လာမယ့္ရာသီအတြက္ မန္ေနဂ်ာ လမ္းပတ္ဟာ ဘယ္အစြန္ေနရာကို အင္အားျဖည့္လိုေနတာျဖစ္တယ္။

ခ်ယ္ဆီးဟာ အလြန္ဆိုနဲ႔ အီမာဆန္တို႔ကို ေႏြမွာ ေရာင္းထုတ္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး လက္စတာအသင္းမွ ဘယ္အစြန္လူ ဘမ္ခ်ီဝဲလ္ကိုလည္း စိတ္ဝင္စားထားပါတယ္။ ဒါေပမယ့္လို႔ တိုက္စစ္ပိုင္းကို အဓိက အားျဖည့္မယ့္ အေနအထားမွာ ဘယ္အစြန္လူတစ္ဦးအတြက္ ေပါင္ သန္း ၆၀-၇၀ ေလာက္ထိ အသံုးျပဳဖို႔ေတာ့ မရွိပါဘူး။

ခ်ယ္ဆီးဟာ အရည္အခ်င္းရွိ လူငယ္ ဘယ္အစြန္လူေတြကို ရွာေဖြမႈေတြ လုပ္ေနျပီး ကူကာရယ္လာက ထိပ္တန္းပစ္မွတ္ေတြထဲ ပါဝင္လာခဲ့ျပီ ျဖစ္ပါတယ္။