
ဒီရာသီအတွက် ကာရာဘောင်းဖလား စတုတ္ထအဆင့် မဲခွဲရလဒ်များ ထွက်ပေါ်လာပြီ ဖြစ်ရာ ပွဲကြီး ပွဲကောင်းတွေ ပါဝင်လာပါတယ်။
ချယ်ဆီးအသင်းဟာ တတိယအဆင့်မှာလိဂ်တူးကလပ် ဘာရိုး အသင်းကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားရာ အန်ကွန်ကူ ဟက်ထရစ်နဲ့ အတူ ၅-ဝ နဲ့ ဂိုးပြတ် နိုင်ထားပါတယ်။
ချယ်ဆီးအသင်းဟာ စတုတ္ထ အဆင့်မှာတော့ ဝင်ဘယ်ဒန် (သို့မဟုတ်) နယူးကာဆယ် အသင်းနဲ့ တွေ့မှာ ဖြစ်ပါတယ်။ ထို အတွဲက ပွဲရွှေ့ထားတာကြောင့် အောက်တိုဘာ ၂ ရက်မှ ပြန်ကန်မှာ ဖြစ်ပြီး နောက်တစ်ဆင့် ဘယ်အသင်း တက်မလဲ အဖြေထွက်မှာပါ။
လက်ရှိ ချန်ပီယံ လီဗာပူးကလည်း ဝက်စ်ဟမ်းကို ၅-၁ နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်မှာ နောက်ထပ် ပြိုင်ဘက်ကောင်း ဘရိုက်တန် အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးကတော့ နောက်တစ်ဆင့်မှာ တော့တင်ဟမ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကတော့ ပွဲချောင်နေပြီး ချန်ပီယံလိဂ် ကလပ် ပရက်စ်တန် အသင်းနဲ့ အတွဲကျနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ လက်စတာ အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။
ကာရာဘောင်းဖလား စတုတ္ထအဆင့် မဲခွဲရလဒ် အပြည့်အစုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- Brentford v Sheffield Wednesday
- Southampton v Stoke
- Tottenham v Manchester City
- AFC Wimbledon or Newcastle v Chelsea
- Manchester United v Leicester
- Brighton v Liverpool
- Preston v Arsenal
- Aston Villa v Crystal Palace
ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်တွေဟာ အောက်တိုဘာလ ၂၈ ရက် သီတင်းပတ်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။