
လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ဒီရာသီ ချဲလ်ဆီး အသင်းဟာ သူ့ကို အံ့အားသင့်စေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။
‘ သူတို့ ကျွန်တော့ကို အများကြီး အံ့ဩအောင် လုပ်ပြထားတယ်လို့ ကျွန်တော် ပြောရပါမယ်။ အထူးသဖြင့် အဝေးကွင်းပွဲတွေမှာပေါ့။
ခင်ဗျားသာ ရလဒ်တွေပဲ သိပြီး၊ ဒီပွဲတွေကို တကယ် မကြည့်ဖြစ်တဲ့အခါ တစုံတယောက်က ခင်ဗျားကို ဝုလ်ဗ်နဲ့ အဝေးကွင်းပွဲတုန်းက ချဲလ်ဆီးရဲ့ ခြေစွမ်းက ဘယ်လိုဆိုပြီး ပြောပြရင် ခင်ဗျား ဝိုးခနဲ ဖြစ်မိမှာပါ။
ဝက်စ်ဟမ်းနဲ့ ပွဲကလည်း ခပ်ဆင်ဆင်ပါပဲ။ ဒါက ချဲလ်ဆီး အတွက် အမှန်တကယ် ကြီးမားတဲ့ ရလဒ် တခုလို့ ခံစားမိပါတယ်။
ကျွန်တော်ဟာ ရာသီအစတုန်းက ချဲလ်ဆီးကို Top 4 အနား ကပ်နိုင်လိမ့်မယ်လို့၊ စိန်ခေါ်နိုင်မယ်လို့ကို မထင်ခဲ့တာပါ။
ဒါပေမယ့် လက်ရှိ အနေအထားကို ကြည့်ရတာ သူတို့ လုပ်ပြနိုင်မယ့်ပုံ ပေါ်နေပါတယ်။ ‘ လို့ ကာရေဂါ က Sky Sports ရဲ့ The Overlap အစီအစဉ်မှာ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။