အချိန်ဆွဲ ဗျူဟာ၊ ညစ်ကွက်စုံ သုံးသွားတဲ့ အာဆင်နယ်အသင်း အပေါ် ဂျွန်စတုန်း မှတ်ချက်ပေး

ပရီးမီးယားလိဂ်ထိပ်သီးကလပ်နှစ်ခုအကြား ရင်ဆိုင်အားပြိုင်မှုက အတော်လေးရင်ခုန်စရာကောင်းခဲ့ပြီး နာကျင်အချိန်ပိုမိနစ်တွေမှာ အရေးပါတဲ့အခိုက်အတန့်တွေ ဖန်တီးသွားခဲ့ကြပါတယ်။

အခုပွဲစဉ်မှာ မန်စီးတီးအတွက် ဟာလန်းနဲ့ ဂျွန်စတုန်းစ်တို့က သွင်းဂိုးတွေ ရယူပေးခဲ့သလို အာဆင်နယ်အတွက် ကာလာဖီအိုရီနဲ့ မာဂယ်ဟေးစ်တို့က ဂိုးသွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် မန်စီးတီးဟာ အာလင်းဟာလန်းရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ရီကာဒိုကာလာဖီအိုရီရဲ့ ချေပဂိုးအား ပေးခဲ့ရပါတယ်။ ဒိုင်လူကြီးအိုလီဗာက ဖရီးကစ်အလျှင်အမြန်ကန်ခွင့်ပေးခဲ့တာပါ။ ဝေါလ်ကာဟာ ဘူကာယိုဆာကာနှင့် စကားပြောပြီးနောက် နေရာယူရန် သွားနေစဉ် အာဆင်နယ်တို့ ဖရီးကစ်အမြန်ကန်ပြီး ချေပဂိုးရယူခဲ့တာပါ။

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ အကြီးအကျယ် ဒေါသထွက်ကာ နည်းပြထိုင်ခုံအား ခြေဖြင့် ကန်ခဲ့သလို ယင်းအချိန်နှင့်ပွဲပြီးချိန်တို့တွင် စတုတ္ထဒိုင်လူကြီးအား သူ့ခံစားချက်အားဖွင့်ချခဲ့တာ တွေ့ရပါတယ်။

မနေ့ညက ပွဲတွင် ပုံမှန်ထက် ပွဲချိန် ရှည်ကြာစေခဲ့တဲ့ အာဆင်နယ်ရဲ့ အချိန်ဖြုန်းကစားခြင်းအပေါ်လည်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်း တပိုင်းလုံးနီးပါး တယောက်လျော့နဲ့ ကစားရချိန်မှာ အချိန်ဆွဲကာ ကစားလာခဲ့ပါတယ်။

မန်စီးတီး နောက်ခံလူ ဂျွန်စတုန်း ကတော့ dark arts လို့ တင်စားကြတဲ့ အချိန်ဆွဲတဲ့ အာဆင်နယ်ရဲ့ ဗျူဟာ အပေါ် ဝေဖန်သွားပါတယ်။

ဂျွန်စတုန်းက “သူတို့ကို ဒီလိုလုပ်တဲ့နေရာမှာ ဆရာတစ်ဆူလို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ သူတို့ ဒီလိုလုပ်လာတာ နှစ်အတန်ကြာပြီ။ ဒီလို ဖြစ်လာမယ်ဆိုတာလည်း ခန့်မှန်းထားပြီးသားပါ။ ဒါကို ပါးနပ်တယ်ပဲ ဆိုဆို၊ ညစ်ပတ်တယ်ပဲဆိုဆို သူတို့ ဒီလို လုပ်သွားတာပါ။

ဒါပေမဲ့ ဒီလို လုပ်မှုက ပွဲရမ်သမ်ကို ဟန့်တားစေပါတယ်။ သူတို့က ဒါကို အခွင့်ကောင်းအနေနဲ့ အသုံးချတယ်။ ကျွန်တော်တို့လည်းကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်”လို့ ဆိုသွားပါတယ်။